"သရဲလိုဟန်ဆောင်ပြီး ကားများလမ်းချော်တိမ်းမှောက်အောင်

ခြောက်လှန့်နေသူကို ဖမ်းဆီးမိ"

နဂါးတွန့် တံခါးနှင့် မှော်ဇာ လမ်းဆုံ အကြား ဖေဖော်ဝါရီ တစ်ရက်နေ့က ဆိုင်ကယ် အက်စီးဒန့် ဖြစ်သော နေရာတွင် ခြောက်လှန့်မှုရှိနေကြောင်း သတင်းများ ထွက်နေပါသည်။

ည ၁၁းဝ၀/ ၁၂းဝ၀ သန်းခေါင်ယံအချိန်များတွင် အခင်းဖြစ်ပွားရာနေရာ အနီး လမ်းဘေးတွင် မတ်တပ်ရပ်နေခြင်း၊ ထိုင်နေခြင်း အစရှိသဖြင့် ခြောက်လှန့်သည့်ပုံစံများ တွေ့ရသည်ဟု ပြောဆိုသံများ ထွက်နေပါသည်။

အမှန်မှာ လူတစ်ဦးမှ မျက်နှာတွင် ဆေးအနက်များခြယ်ကာ၊ အင်္ကျီအနက်ဝတ်၍၊ လွယ်အိတ်တစ်အိတ်လွယ်ကာ လမ်းသွား လမ်းလာ ခရီးသွား ယာဉ်များကို အရိပ်အယောင်ပြ၍ ခြောက်လှန့်လျက်ရှိခြင်းသာ ဖြစ်ပါသည်။

၎င်းအား မနေ့ ည

၁၆-ဖေဖော်ဝါရီ-၂၀၁၇ (ကြာသပတေးနေ့) ၁၁း၅၃ အချိန်တွင် အဆိုပါ နေရာအား ဆရာဦးသန့်အောင်စိုး၊ ဆရာဦးသော်ဇင်ဖြိုးနှင့် မိတ်ဆွေ (၂) ဦးတို့ ကားဖြင့်ဖြတ်သန်းလာစဉ်ခြောက်လှန့်သည်ကို ကြုံတွေ့ရပါသည်။ ၎င်း၏ လက်ထဲမှ ဓားတစ်လက်လည်း သိမ်းဆည်းရမိခဲ့ပါသည်။

သို့ဖြစ်၍ ခြောက်လှန့်မှုရှိနေခြင်းမှာ ကောလဟလ သာဖြစ်ပါသည်။

အဆိုပါနေရာမှာ လူပြတ်သောနေရာဖြစ်သောကြောင့် မသမာသူများ၏ ခြောက်လှန့်နှောင့်ယှက်မှုကြောင့် ဆိုင်ကယ်/ ကား များ လမ်းချော်တိမ်းမှောက်ခဲ့ပါက လုယက်မှုအန္တရာယ် အလွန်များပါသည်။သို့ဖြစ်ပါ၍

ညပိုင်း သွားစရာ လာစရာရှိပါက သတိထားသွားလာကြဖို့ တိုက်တွန်းအပ်ပါသည်။

Source: Myanmar Update News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။