စင်ကာပူမှာရှိတဲ့ နေရာအတိအကျမသိနိုင်တဲ့ ကလေးထိန်းစင်တာတစ်ခုရဲ့ ဆိုးဝါးလှတဲ့ပုံတွေဟာ အင်တာနက်မှာ ပြန့်လာခဲ့ပါတယ်။

Wechat က အမည်မသိ User တစ်ယောက်ကနေ မျှဝေခဲ့တဲ့အဆိုပါဓာတ်ပုံတွေဟာ အင်တာနက်မှာပြန့်လာပြီးနောက် အတော်များများရဲ့ဝေဖန်တာကို ခံခဲ့ရပါတယ်။ ဓာတ်ပုံတွေမှာ ကလေးထိန်းစင်တာတစ်ခုလို့ထင်ရတဲ့နေရာမှာ ကလေးငယ်လေးတွေ အကာမရှိဘဲ ကြမ်းပြင်မှာအိပ်နေရတဲ့ပုံတွေ နဲ့ ပုပ်သိုးနေတဲ့အသီးအနှံတွေကိုတွေ့ရမှာပါ။

ပုံတစ်ပုံမှာဆိုရင်တော့ ဆိုးဝါးလွန်းလှစွာ ကလေးငယ်လေးကို မစင်တွေတင်ပါးမှာ ပေကျံပြီးတွေ့ခဲ့ရပါတယ်။ တင်တဲ့သူရဲ့ပြောကြားချက်အရ ကလေးငယ်ဟာ သူ့မစင်သူပြန်စားနေတယ်လို့ဆိုပါတယ်။ ဒီပုံတွေကို Early Childhood Development Agency လို့ခေါ်တဲ့ (ECDA)ကနေ သတိပြုထားမိပြီး စုံစမ်းစစ်ဆေးအရေးယူလျက်ရှိတယ်လို့သိရပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။