မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် အမျိုးသား ဘောလုံးအကယ် ဒမီ

(ရန်ကုန်)ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် စတင်ဖွင့်လှစ်

ခဲ့ပြီဖြစ်သည်။

ယင်းဖွင့်ပွဲသို့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနို တက်ရောက်ဖွင့်လှစ်ပေး ခဲ့ခြင်းဖြစ်ပြီး အင်ဖန်တီနိုနှင့် အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနာအပြီးတွင်

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက အမျိုးသား ဘောလုံးအကယ်ဒမီ

(ရန်ကုန်)အဆောက်အဦ အတွင်းသို့ လိုက်လံပြသခဲ့သည်။

အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနား အပြီးတွင် ကမ္ဘာ့

ဘောလုံးအဖွဲ့ချုပ်ဥက္ကနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့သည် သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး အားကစားကွင်းနှင့် ရန်ကင်း ကလေးဆေးရုံတို့ကို သွားရောက် ကြည့်ရှုခဲ့ကြသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။