အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။

ထိုအခါ ညဉ့်တညဥ့်၏ သန်းခေါင်အချိန်လောက်တွင် နတ်သားတပါး လာရောက်၍ မြတ်စွာဘုရားကို ဤသို့မေးလျှောက်၏။

မြတ်စွာဘုရား-

(၁) အဘယ်အရာကို ပေးလှူသူသည် ခွန်အားကို ပေးလှူရာရောက်ပါသနည်း။

(၂) အဘယ်ပစ္စည်းကို ပေးလှူသူသည် ရုပ်အဆင်းကို ပေးလှူရာရောက်ပါသနည်း။

(၃) အဘယ်ဝတ္ထုကို ပေးလှူသူသည် ချမ်းသာသုခကို ပေးလှူရာရောက်ပါသနည်း။

(၄) အဘယ်ဥစ္စာကို ပေးလှူသူသည် မျက်စိအလင်းကို ပေးလှူရာရောက်ပါသနည်း။

(၅) အဘယ်အရာဝတ္ထုမျိုးကို ပေးလှူသူသည် အလုံးစုံကို ပေးလှူရာရောက်ပါသနည်း-ဟု မေးလျှောက်၏။

မြတ်စွာဘုရားက- အို နတ်သား

(၁) အစားအစာကို ပေးလှူသူသည် ခွန်အားကို ပေးလှူရာရောက်၏။

(၂) အဝတ်အထည်ကို ပေးလှူသူသည် ရုပ်အဆင်းကို ပေးလှူရာရောက်၏။

(၃) ယာဉ် (ဖိနပ်၊ လှည်း၊ ရထား၊ မော်တော်ကား) စသော စီးစရာများကို ပေးလှူသူသည် ချမ်းသာသုခကို ပေးလှူရာရောက်၏။

(၄) ဆီမီးတန်ဆောင် (မီးခွက်မှန်အိမ်၊ လက်နှိပ်မီး၊ လျှပ်စစ်မီး၊ မီးချောင်း) စသည့် အရောင်အလင်းတို့ကို ပေးလှူသူသည် မျက်စိအလင်းကို ပေးလှူရာရောက်၏။

(၅) ဇရပ်၊ တန်ဆောင်း၊ သိမ်၊ ကျောင်း စသည်ကို ပေးလှူသူသည်ကား အလုံးစုံကို ပေးလှူရာရောက်၏။

တရားစာပေ ဒေသနာတို့ကို သင်ကြားပို့ချ ဟောပြောဆုံးမပေးသူသည်ကား ဆင်းရဲကင်းပြတ်ရာ အမြို့ (နိဗ္ဗာန်) ဓာတ်ကို ပေးလှူသည် မည်၏-ဟု ဟောတော်မူသည်။

အကိုး။ ။ သဂါထာဝဂ္ဂသံယုတ်၊ အာဒိတ္တဝဂ်၊ ကိံဒဒသုတ်။

Credit to ( ဦးငွေအောင်မွန်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။