ပဉ္စလတ်ရွာ ဇာတ်လမ်းတွဲမှာ စိမ်းဝါဆိုတဲ့ သူကြီးသမီးနေရာနေ သရုပ်ဆောင်ခဲ့တဲ့ ခြူးလေးဟာ MRTV -4 ကရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ မင်းသမီးချောလေး တစ်ယောက်ဘဲ ဖြစ်ပါတယ် ။ သူမဟာ ဇာတ်လမ်းတွဲအသစ်တွေလည်း ထပ်မံရိုက်ကူးနေပြီး ပရိသတ်ချစ်တဲ့ ခြူးလေးဆိုတဲ့ နေရာတစ်နေရာကိုအခိုင်မာရရှိနေပြီဘဲ ဖြစ်ပါတယ် ။

သူမက လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ် ။ မင်္ဂလာ သတို့သမီးဝတ်စုံ ပန်းရောင်လေးနဲ့ မြန်မာ ဝတ်စုံပန်းရောင်လေးတွေနဲ့ဘဲ ရိုက်ကူးထားတဲ့ သူမရဲ့ ပန်းနုရောင် ကြွေရုပ်မလေးလိုလှပ နေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့် ပရိသတ်ကို မျှဝေပေးထားပါတယ် ။ ရိုးရိုးရှင်းရှင်းလေးနဲ့ မြင်ရသူတိုင်း ရင်အေးသွားစေမယ့် အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့သူမကတော့ တကယ်ကိုချစ်စရာကောင်းလွန်းပါတယ်နော် ။

ပဉ္စလတ်ရွာ ဇာတ်လမ်းတွဲမှာ သူကြီးသမီး စိမ်းဝါအဖြစ် ပါဝင်ခဲ့တဲ့ ရိုးရိုးအေးအေး ပုံလေးနဲ့သူမဟာ အခုတော့ နတ်သမီးလေးအလား လှပကျော့ရှင်းပြီး မြင်သူတကာ ငေးမောသွားရအောင်လှပနေပါတယ်နော် ။ ချစ်ပရိသတ်ကြီးအတွက်သူမရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Chue

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။