- Lady Gaga, "a star is born"-88 points / 21 criticism (debut)

2018ခုနှစ် ၊ အောက်တိုဘာလ(၅) ရက်နေ့မှာ ထွက်ရှိမဲ့ "a star is born"ဆိုတဲ့ musical romantic drama ကတော့ ဒါရိုက်တာ Bradley Cooperနဲ့ အတူ ပေါ့ခ် အဆိုတော် Lady Gaga တို့ ပါဝင်ပြီး အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင် အတွက် Budgetငွေ အမေရိကန်ဒေါ်လာ($30 million) အသုံးပြုထားပြီး Lady Gaga ရဲ့ ပထမဆုံးဇာတ်လမ်းမိုက အားလုံးက စိတ်ဝင်စားနေကြပါတယ်။

- Rihanna, "Ocean's 8"-61 points / 50 criticism

"Ocean's 8" ဇာတ်လမ်းကတော့ ကမ္ဘာကျော် အလန်းဇယား မင်းသမီး (၈) ယောက် ပါဝင်တဲ့ အကြီးစား စိန်လည်ဆွဲခိုးမဲ့ သူခိုးဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ အဆိုတော် Rihanna ကို ဟတ်ကာတစ်ယောက် အနေနဲ့ တွေ့ရမှာ ဖြစ်ပြီး သူမရဲ့ သရုပ်ဆောင် ပညာကလည်း မသေးဘူးလို့ ဆိုရမှာပါ။ Budget ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း($70 million) သာ အသုံးပြုခဲ့ပေမဲ့လည်း ရုံတင်ပြသပြီးနောက် ($294.5 million) သန်း ပြန်လည် ရရှိခဲ့ပါတယ်။  

- Beyoncé, "Dreamgirls"-76 points / 37 reviews

Dreamgirls ရုပ်ရှင်ဇာတ်လမ်းကတော့ 2006ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ American romantic musical drama film အမျိုးအစား ဖြစ်ပါတယ်။ မင်းသမီး Anika Noni Rose နဲ့ Keith Robinson အတူ ကမ္ဘာကျော်ပေါ့ခ် အဆိုတော်Beyoncé Knowles တို့ ပါဝင်ထားပြီး 1981 Broadway musical စတိုင်လ်ပုံစံ ရိုက်ကူးထားပါတယ်။ Budget ငွေ အမေရိကန်ဒေါ်လာ($80 million) သာ အသုံးပြု ခဲ့ပေမဲ့လည်း ရုံတင်ပြသငွေ Box office ငွေ သန်းပေါင်း($154.8 million) ပြန်လည်ရရှိကာ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။  

- Madonna, "desperately seeking Susan"-71 points / 16 reviews

ကမ္ဘာကျော် အကအလှဘုရင်မ Madonna နဲ့ အတူ မင်းသမီး Rosanna Arquetteတို့ရဲ့ ငယ်စဉ်အခါက ရိုက်ကူးခဲ့တဲ့ 1985 American comedy-drama film အမျိုးအစားဖြစ်တဲ့ "desperately seeking Susan" ဆိုတဲ့ ဇာတ်လမ်းဟာ ယခုလက်ရှိ အသက်(60) နှစ် ရှိပြီ ဖြစ်တဲ့ Madonnaရဲ့ အလှအပတွေကို ပြန်လည် ခံစားရမဲ့ ဇာတ်လမ်းဖြစ်ပါတယ်။  

- Britney Spears, "Crossroads"-27 points / 31 criticism (only movie where she participates)

2002 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပေါ့ခ် အကအလှ အဆိုတော်မလေး Britney Spearsရဲ့ ငယ်စဉ်အခါက နုပျိုမှုတွေကို တဖန်ပြန်လည် ခံစားရစေမဲ့"Crossroads" ရုပ်ရှင်ကတော့ ဘတ်ဂျက်ငွေ ($12 million) သာ အသုံးပြုခဲ့ပေမဲ့လည်း Box office ရုံတင်ငွေ ($61.1 million) သန်းပေါင်း ပြန်လည်ရရှိခဲ့ပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။  

-- Cher, "Moonstruck"-83 points / 17 reviews

1987 American romantic comedy film အမျိုးအစားဖြစ်တဲ့ "Moonstruck" ရုပ်ရှင်ဇာတ်လမ်းကိုတော့ ဒါရိုက်တာ Norman Jewison ရိုက်ကူးပြီး ခေါင်းဆောင်မင်းသမီး အနေနဲ့ အမေရိကန် အဆိုတော်မလေး Cher နဲ့ အတူ မင်းသား Nicolas Cage တို့ ကရိုက်ကူးခဲ့တာဖြစ်ပါတယ်။Budget ငွေ $15 millionသာ အသုံးပြုခဲ့ပြီး Box office ရုံတင်ပြသငွေပေါင်း $80.6 million ပြန်လည်ရရှိခဲ့ပါတယ်။

- Jennifer Lopez, "out of sight"-85 points / 30 reviews

1998 American crime comedy အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းမှာ မင်းသမီး အနေနဲ့ ပါဝင်ခဲ့တဲ့ အဆိုတော် Jennifer Lopez ဟာ သူမရဲ့ သရုပ်ဆောင် မင်းသမီး ဘဝကို တစိတ်တပိုင်း ချပြခဲ့တာ ဖြစ်ပါတယ်။ အက်ရှင်ဇာတ်လမ်းမှာ ပါဝင်ခဲ့တာကြောင့် မတခြားဇာတ်ကော်ငတွေနဲက မတူပဲ တမူထူးခြားသလို ဘတ်ဂျက်ငွေ $48 million သာ အသုံးပြုခဲ့ပေမဲ့လည်း Box office $77.7 million ပြန်လည် ရရှိခဲ့ပါတယ်။  

- Selena Gomez, "Spring Breakers"-63 points / 40 reviews

အဆိုတော်မလေး Selena Gomez ကတော့ သူမ တစ်သက်တာမှာ ရုပ်ရှင်ဇာတ်ကားတွေ များစွာ ရိုက်ကူးခဲ့ပေမဲ့လည်း ပညာပေးဇာတ်လမ်းအနေနဲ့ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ American crime film အမျိုးအစားဖြစ်တဲ့ "Spring Breakers"က တော့ တကယ့်ကို အမိုက်စားဖြစ်ပါတယ်။ ဒီရုပ်ရှင် အတွက် အမေရိကန်ဒေါ်လာ $5 million သန်းသာအသုံးပြုခဲ့ပြီး Box office ရုံတင်ပြသငွေ$31.7 million သန်း ပြန်လည်ရရှိခဲ့ပါတယ်။ Selena Gomez နဲ့ အတူ နာမည်ကြီး မင်းသမီးတွေ ဖြစ်ကြတဲ့ James Franco၊ Vanessa Hudgens၊ Ashley Benson ၊ Rachel Korine တို့ က ပါဝင်ထားပါတယ်။ 

- Christina Aguilera, "Burlesque"-47 points / 38 points

2010 ခုနှစ်က ထွက်ရှိခဲ့တဲ့ American backstage musical film အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းမှာတော့ မင်းသမီး အဆိုတော် Cher နဲ့ အတူ အဆိုတော်မလေး Christina Aguilera ကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်၇ှင် အတွက် ဘာဂျက်ငွေ အမေရိကန်ဒေါ်လာ $55 million သန်းသာ အသုံးပြုခဲ့ပြီး Box officeရုံတင်ပြသငွေ $90.5 million သန်း အပြင် ၊ DVDအချပ်ရေနဲ့ ရောင်းချမှု အတွက် $130.9 million ပါပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။