ပရိသတ်အချစ်တော်လေး အေးသောင်းကတော့ အနပညာလောကရဲ့ အောင်မြင်နေတဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပြိး အောင်မြင်မှုပေါင်းများစွာကို ဆွတ်ခူးထားနိုင်သူလေးပဲဖြစ်ပါတယ်။ နှင်းဝတ်ရည်သောင်း အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်းတို့ ညီအစ်မ ၃ ယောက်ဟာ ပရိသတ်ချစ်တဲ့ အနုပညာရှင်တွေဖြစ်ပြီး နှင်းဝတ်ရည်သောင်းကတော့ လန်ဒန်မှာနေပြီး အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်းတို့ ကတော့ မြန်မာနိုင်ငံမှာနေထိုင်နေပါတယ်။  

ယနေ့လေးကတော့ ပရိသတ်အချစ်တော်လေး ညီအမတွေထဲမှာအငယ်ဆုံးဖြစ်တဲ့ ဆွိဝတ်ရည်သောင်းရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ အမဖြစ်သူအေးသောင်းကတောက ချစ်ညီမလေးကို မွေးနေ့ဆုတောင်းပေးရင် ဆေးထိုးလိုက်ပါတယ်။ အေးသောင်းကတော့ ချစ်ညီမလေးကို မွေးနေ့လက်ဆောင်အနေနဲ့ ကြွက်ပုံလေးတွေပေးခဲ့ပါတယ်။ 

အေးသောင်းကတော့ " Happy Birthday ချစ်ပိုးလေးငယ်ငယ်ကပုံတွေနဲ့ဆေးထိုးလိုက်ပြီ သရဲမလေးသူငယ်ငယ်က သနပ်ခါးတွေဖွေးနေအောင်အမြဲလိမ်းတာ။ အငယ်ဆုံးပေမဲ့ အလိမ္မာဆုံး။မွေးနေ့လက်ဆောင်အဖြစ် ကြွက်ပုံလေးတွေပေးရင်သူသိပ်ပျော်ပါတယ်။ " ဆိုပြီးပြောထားပါတယ်။ ဆွိဝတ်ရည်သောင်းကတော့ အမဖြစ်သူအေးသောင်းကို " Thank u ကြောင်လေး love u " ဆိုပြီးပြောထားပါတယ်။ 

SOURCE: AYETHAUNG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။