မကြာသေးခင်ကမှ နိုင်ငံဂုဏ်ဆောင် အလှမယ် တစ်ဦးအဖြစ် Miss Myanmar World 2018 မှာ Winner အဖြစ် သရဖူဆောင်းနိုင်ခဲ့တဲ့ ဟန်တီကတော့ လက်ရှိမှာ စံပြအလှမယ် တစ်ဦးအနေနဲ့ပရဟိတလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေသလို သူမရဲက အနေအထိုင် နဲ့ အလှမယ်တစ်ယောက် အနေနဲ့ ကြိုးစားမှုတွေကလည်း တကယိကို ချီးကျူးစရာလို့ ဆိုရမှာပါ။

ဟန်တီဟာဆိုရင် အသက်(၁၅) နှစ်လောက်ထဲက အနုပညာလောကကို ဝင်လာခဲ့တာဖြစ်ပြီး Miss ပြိုင်ပွဲတွေနဲ့Modeling & Photo shooting ပိုင်းတွေမှာ နေရာရခဲ့သူ ဖြစ်ပါတယ်။ New York Film Academy ထိ ရုပ်ရှင်အနုပညာကိုလေ့လာခဲ့ပြီး ယခုဆိုရင် ရုပ်ရှင်လောကတွေထိ ခြေဆန့်လာပြီး ရုပ်ရှင်တွေလည်း ရိုက်ကူးနေပြီးဖြစ်ပါတယ်။ အဆိုဘက်မှာလည်း ပါရမီ ပါသလို "မချစ်တတ်သေးဘူး " သီချင်းခွေ Album တစ်ချပ် ထုတ်ဝေခဲ့ပြီး အဆိုပိုင်းမှာလည်း ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိခဲ့ပြီးဖြစ်ပါတယ်။

ဟန်တီဟာ Miss Face of Myanmar ဆု၊ Miss Supranational 2014 ဆု ရရှိခဲ့ပြီးနောက် နောက်ထပ်Miss ပြိုင်ပွဲတွေ မှာ အတွေ့နည်းလာတာဖြစ်ပေမဲ့လည်း ဒီနှစ် 2018 ခုနှစ်ရဲ့ Miss ပြိုင်ပွဲ မှာတော့ Top (20) စကာတင် အယောက်(၂၀) ကို ကျော်ဖြတ်လို့ အလှသရဖူဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ထက်မြက်တဲ့၊ ရိုးရှင်းတဲ့ အလှတရားတွေနဲ့ အတူ လက်ရှိမှာလည်း ဆံထုံးပေါ် ခရေပန်းကုံးလေးတွေနဲ့ ရိုးရှင်းစွာ လှပနေတဲ့ သူမရဲ့ အလှရဲ့ အေးချမ်းမှုလေးတွေကို ပရိသတ်တို့ ခံစားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်..။

source: Miss Myanmar World 2018 Winner; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။