မီးမီးခဲတစ်ယောက် မြန်မာနိုင်ငံကို ထားခဲ့ပြီး အဝေးတစ်နေရာကို ထွက်သွားပြီး ဂီတလောကကို ပြည်ဖုံးကားချပျောက်ကွယ်ပြီးနောက်ပိုင်း ပရိသတ်တွေက မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ကြတာပါ ။မီးမီးခဲ တစ်ယောက် အိမ်ထောင်ရေး အရှုပ်အရှင်း တွေဖြေရှင်းပြီးနဲ့နောက် ပရိသတ်တွေနဲ့အဆက်အသွယ်ပြတ်ခဲ့ပေမယ့် နိုင်ငံရပ်ခြားမှာ ဂီတလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်နေခဲ့တာပါ။

အရင်ကထက်လှသွေးကြွယ်နေတဲ့ မီးမီးခဲတစ်ယောက် လူမှုကွန်ယက်တွေကိုအသုံးပြုမှုတွေကို တွေ့ရပေမယ့် သူမရဲ့ ခံစားမှုတွေကို တော့ရေးသားထားတာမတွေ့ရပါဘူး ။ အင်စတာဂရမ် ကိုလည်း သူမတစ်ယောက်ထည်းသာဝင်ကြည့်လို့ရအောင်ပြုလုပ်ထားတာကိုလည်းတွေ့ရပါတယ်။ မီးမီးခဲရဲ့ အကောင့်မှာတင်ထားတဲ့ပုံအရတော့ နိုင်ငံရပ်ခြားမှာ အိမ်ထောင်ရက်သား ကျ တယ်လို့ ယူဆနိုင်ပါတယ်။ အရင်ကထက် မီးမီးခဲတစ်ယောက်ပိုမိုလျှို့ဝှက်သွားခဲ့တာတော့အမှန်ပါ ။

တေးဂီတလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ သူမတစ်ယောက် အချစ်အသစ် ။ သားသမီးအသစ်တွေနဲ့ ပျော်ရွှင်နေလို့ ချစ်စရာကောင်းလောက်အောင် အရွယ်တင်ဆဲဖြစ်နေတာကိုမြင်ရပါတယ်။ ပရဟိတဖောျ်ဖြေပွဲတွေ၊ ခရစ်ယာန်ဘာသာရေးပွဲတွေမှာတော့ မီးမီးခဲတစ်ယောက် တတ်ကျွမ်းထားတဲ့ အနုပညာတွေနဲ့ ပါဝင်ဖျော်ေ့ဖြနေဆဲပါ ။ ပရိသတ်ကြီးရေ မီးမီးခဲကို ချစ်ကြသေးရင်မှတ်ချက်ပေးဖို့ မမေ့နဲ့နော်။

Source - Brice MMK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။