Dj soda ကတော့ နာမည်လေးကြားလိုက်တာနဲ့ ပရိတ်သတ်တွေရဲ့ နှလုံးသားထဲမှာ အမြဲတမ်းမှတ်မိနေနိုင်တဲ့ Dj ပညာရှင်မလေးတစ်ဦးပဲဖြစ်ပါတယ်။ မိန်းကလေးဖြစ်ပေမယ့် ယောကျာၤ်းလေးတွေနဲ့ ရင်ဘောင်တန်းကာ ကမ္ဘာကျော်တဲ့အထိ အောင်မြင်အောင်ကျိုးစားနိုင်တာက လေးစားစရာကောင်းလိုက်ပါတယ်။ 

ရွှေဝါရောင်ဂုတ်ခွဲဆံပင်လေးနဲ့ Dj Soda ကတော့ Dj တီးခတ်တဲ့နေရာမှာ ကျွမ်းကျင်ရုံသာမက ပရိသတ်တွေပျော်ရွှင်အောင် ကပြတဲ့နေရာမှာလည်း ကောင်းမွန်လှသူလေးတစ်ဦးပဲဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း Dj Soda ဟာ remix လုပ်ထားတဲ့ Drake ရဲ့ In My Feeling ဆိုတဲ့သီချင်းလေးနဲ့ပရိသတ်တွေကို Dj stage ပေါ်ကနေ ချစ်စရာကောင်းလှတဲ့ ကကွက်လေးတွေနဲ့ ကပြခဲ့ပါတယ်။ 

ထိုသီချင်းသံလေးကိုကြားလိုက်မယ်ဆိုရင်တော့ ပရိသတ်တွေအနေနဲ့ Ki Ki Challenge လေးကိုတောင် ပြန်သတိရကြမယ်လို့ထင်ပါတယ်။

Dj Soda ကလည်း ထို Challenge လေးကထဲက ကကွက်လေးတွေကို ကပြနေတာ အရမ်းကို cutti ဖြစ်လှသလို မကြွေဘဲမနေနိုင်လောက်အောင် ချစ်စရာကောင်းလှပါတယ်။

ကဲပရိသတ်ကြီးရေ ကတာလေးကိုကြည့်ပြီး Dj Soda လေးကို မကြွေသွားကြနဲ့ဦးနော်။ 

source- dj soda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။