Kendell Jenner ကတော့ 1995ခုနှစ် ၊နိုဝင်ဘာလ(၃) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အမေရိကန် မော်ဒယ်လ်မလေး ဖြစ်ပါတယ်။ ကမ္ဘာကျော် Vogue magazine နဲ့ Harper's Bazaar magazine တို့ရဲ့ ပင်တိုင် မော်ဒယ်လ်တစ်ဦးလည်းဖြစ်ပါတယ်။ 2017ခုနှစ် ရဲ့ Instagramမှာ followers အများဆုံး ဆယ်လီ (၁၅) ယောက် မှာ အပါအဝင်ဖြစ်သလို Forbes top-earning models list ရဲ့ ပထမနေရာ ယူခဲ့ဖူးတဲ့ World's Highest-Paid Model တစ်ဦးလည်းဖြစ်ပါတယ်။

သူမရဲ့ အမအရင်းဖြစ်တဲ့ kylie Jenner ကတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်၊ မော်ဒယ်လ်တစ်ဦး ဖြစ်ပါတယ်။ သူမတို့ ညီအမ နှစ်ယောက်ဟာ မော်ဒယ်လ် တွေ career မစတင်ခင်ကတည်းက နာမည်ကြီး လူသိများတဲ့ အွန်လိုင်းစတား ညီအမ နှစ်ယောက်လို့လည်းဆိုရမှာပါ။

အရပ် (၅) ပေ နဲ့ (၁၁) လက်မရှိတဲ့ Kendell Jennerဟာ သူမရဲ့ မျက်နာနဲ့ ခန္ဓာကိုယ်ကို ဘာပြုပြင်မှု မှ မပြုခဲ့ပေမဲ့လည်း အမဖြစ်သူ kylie Jenner ကတော့ မေးရိုးနဲ့ နုတ်ခမ်းတွေကို ဆေးထိုးပြုပြင်ထားတာကြောင့် သူမနဲ့ သိပ်ရုပ်မဆင်တူသလို ထင်ရမှာပါ။ ဟောလီဝုဒ်ရဲ့ နာမည်ကြီး မော်ဒယ်လ်တစ်ဦး ဖြစ်သလို အနေအထိုင်၊ ဖက်ရှင်လ်မှာ အမြဲ ဟော့နေတဲ့ သူမကတော့ Shopping ထွက်ရင်းတော့ ဘယ်လိုတောင် မိုက်နေလဲ ဆိုတော ဖော်ပြလိုက်ရပါတယ်။

source;http://www.justjared.com/ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။