ပရိသတ်တွေအမြဲအားကျချစ်ခင်နေကြရတဲ့ အနုပညာရှင်ဆယ်လီမိသားစုလေးတွေထဲမှာ ကြည်နူးပျော်ရွှင်စရာကောင်းလွန်းတဲ့ ပိုင်ဇေရဲထွန်းတို့ မိသားစုလေးကလည်း တကယ့်ကို မပါမဖြစ်ပါပဲ..။

သရုပ်ဆောင်မင်းသားတွေထဲမှာ အရွယ်နဲ့မလိုက်အောင် နုပျိုချောမောပြီး ယောင်္ကျားပီသတဲ့ မင်းသားပိုင်ဇေရဲထွန်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို ဇနီးချောလေးနဲ့အတူ ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့အတူ ဆော့ကစားထားတဲ့ ဇင်သဲနိုင်တို့ သားအမိတွေရဲ့ Tik Tok ဗီဒီယိုဖိုင်လေးတွေကတော့ ပရိသတ်တွေကို အသည်းယားပြီး သဘောကျစေတာ တွေ့ရပါတယ်..။

အဲ့ဒီဗီဒီယိုဖိုင်လေးတွေထဲမှာတော့ ဇင်သဲနိုင်ကလည်း သမီးလေးနဲ့အတူ လက်ချောင်းလေးတွေနဲ့ကပြထားပြီး သားအမိတွေရဲ့ တစ်ယောက်တစ်မျိုးစီ ချစ်စရာကောင်းနေကြတဲ့ Tik Tok ဗီဒီယိုဖိုင်လေးတွေကိုတော့ ဇင်သဲနိုင်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်တွေရဲ့ အောက်မှာလည်း ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း ဗီဒီယိုဖိုင်လေးတွေကိုလည်း သဘောကျနေကြတာ တွေ့ရပါတယ်..။

မင်းသားချောပိုင်ဇေရဲထွန်းက လတ်တလောမှာလည်း အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေပေမယ့် ချစ်စရာကောင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်..။

Photo - ဇင်သဲနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။