နဂါးမောက်သီးက ကျန်းမာရေးကို များစွာ အထောက်အကူပေးနိုင်တဲ့ ဆေးဘက်ဝင် သဘာဝသစ်သီးတစ်မျိုး ဖြစ်ပါတယ်။ နဂါးမောက်သီးရဲ အပြင်ဘက်အရောင်ဟာ အနီနဲ့ အဝါရောင် ၂ မျိုးရှိပြီး အတွင်းသားကတော့ အနီနဲ့ အဖြူရောင် ရှိပါတယ်။ အရသာကတော့ နဂါးမောက်သီးမှာ အချိုဓါတ်၊ အချဉ်ဓါတ်နည်းပါးတဲ့ အတွက် ဆေးဖက်ဝင်ပြီး ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူ ဖြစ်စေပါတယ်။

နဂါးမောက်သီးကို စားသုံးခြင်းဖြင့် ရရှိစေနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးများကတော့ -

(၁) ခန္ဓာကိုယ်အတွက် ရေဓါတ် ပြည့်ဝစေတယ်

(၂) အစာအိမ် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုတယ်

(၃) ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေတယ်

(၄) ဆီးချို၊ သွေးချို တက်ခြင်းကို လျှော့ချပေးနိုင်တယ်

(၅) ခန္ဓာကိုယ်အတွက် လိုအပ်သော fatty acid များကို ရရှိစေတယ်

(၆) အသားအရေကို ချောမွေ့စေတယ်

(၇) ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တယ်

(၈) မှတ်ဉာဏ် နှင့် မျက်လုံးအား ကောင်းတယ်

(၉) သွားနှင့် အရိုးများကို သန်မာစေတယ်

(၁၀) ကင်ဆာဖြစ်နိုင်သော ဓါတ်တိုးပစ္စည်းများကို လျော့ချပေးနိုင်တယ်

နဂါးမောက်သီးမှာ ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ သံဓါတ်များ ကြွယ်ဝစွာ ပါဝင်တာကြောင့် စားသုံးသင့်တဲ့ အသီးပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးပမာဏကို တိုးပွားစေတဲ့အပြင် သွေးနီဥအတွက် လိုအပ်တဲ့ ဟေမိုဂလိုဘင်ကို ဖြစ်စေတာကြောင့် ပေါင်မပြည့် လမစေ့တဲ့ ကလေးမွေးဖွားတာကို ကာကွယ်ပေးပါတယ်။

လူတိုင်းအတွက် ကောင်းကျိုးများစွာပေးတဲ့ နဂါးမောက်သီးကို မကြာခဏ စားသုံးပေးဖို့ အကြံပေးလိုက်ပါတယ်နော် ။

သတင်းအရင်းအမြစ် - 7 Remix Healthy Tips TV (YouTube) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။