လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာလည်း သက်မွန်တို့သူငယ်ချင်းတွေရဲ့ ခရီးသွားပုံလေးတွေက ကြည်နူးစရာကောင်းတာကြောင့် ပရိသတ်တွေကြား ရေပန်းစားနေတာပါ ။ လူစုံတက်စုံနဲ့ ပူပန်မှုဒုက္ခတွေကို ခဏတာထားခဲ့ပြီး ပျော်ရွှင်နေတဲ့ သူမတို့သူငယ်ချင်းတစ်စုက ဘန်ကောက်မြို့ကြီးမှာ ဆက်လက်ခရီးနှင်နေကြတာ တွေ့ရပါတယ်။

ခရီးစဉ်အမှတ်တရတွေကို ထုတ်ပြီး ပရိသတ်တွေအတွက် သက်မွန် ကနေ တင်ပေးလိုက်ပြန်ပါတယ် ။ သရက်သီးကြိုက်တတ်တဲ့ သက်မွန်မြင့် တစ်ယောက် ဘန်ကောက်မြို့ရဲ့ လမ်းမကြီးတွေပေါ်မှာ ဟန်မဆောင်နိုင်လောက်အောင် အငမ်းမရ သရက်သီးတွေနဲ့ ဓါတ်ဖမ်းခဲ့တာကတော့ ချစ်စရာလေးပါနော် ။

လက်ရှိမှာတော့ ၉ယောက်လာခဲ့ပေမယ့် ၅ယောက်က ပြန်သွားခဲ့ပြီး သက်မွန်တို့လေးယောက်ကတော့ ကျန်းမာရေးအတွက် ဆေးစစ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။သက်မွန်မြင့်အပြင် အဖွဲ့သားတွေဟာ ဘန်ကောက်မြို့ ရဲ့ လမ်းမကြီးတွေပေါ်မှာ အထာကျကျ ဓါတ်ဖမ်းထားတာတွေကို လည်းတွေ့ရပါသေးတယ် ။ သက်မွန်မြင့် ကို ချစ်ရင် မျတ်ချက်ပေးဖို့ မမေ့နဲ့နော်။

Source - ArrChit Wunn May 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။