ရွှေရွှေ စုံတွဲလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ချစ်သူ စုံတွဲလေးကတော့ ပရိသတ်တွေကို အမြဲအားကျအောင် ရိုနိုင်လွန်းတဲ့ စုံတွဲလေးပါပဲ..။

တစ်ယောက်ကိုတစ်ယောက် နားလည်အလိုလိုက်မှုတွေနဲ့ လိုက်ဖက်ညီညီ ချစ်ကြတဲ့သူတို့ စုံတွဲလေးရဲ့ အချစ်ရေးလေးကတော့ ဝန်းရံတဲ့ ပရိသတ်တွေရှိသလို ဝေဖန်တိုက်ခိုက်မှုတွေနဲ့လည်း ကြုံတွေ့နေရတာ တွေ့ရပါတယ်..။

ချစ်သူကို အမြဲကလေးဆိုလေးလို နွဲ့ဆိုးတတ်တဲ့ ရွှေမှုံလေးကတော့ ဘာကြောင့်မှန်း မသိပေမယ့်.. သူမရဲ့ချစ်သူ ရွှေထူးကိုမြင်ရင် စိတ်ပဲကောက်ချင်နေတယ်ဆိုပြီး ပရိသတ်တွေကို ပြောပြလာပါတယ်..။

သူမတို့ ချစ်သူနှစ်ဦးရဲ့ ဓာတ်ပုံသစ်လေးတွေကို ပရိသတ်တွေကို မျှဝေရင်း "whooooo

သူမြင်ရင် စိတ်ပဲကောက်ချင်နေတယ်

why ????.." ဆိုပြီး ချစ်စဖွယ်လေး မေးထားတာပဲ ဖြစ်ပါတယ်..။

ဘယ်လို ဝေဖန်တိုက်ခိုက်မှုတွေပဲ ရှိရှိ ရွှေရွှေစုံတွဲလေးကတော့ လျစ်လျူရှုပြီး ရဲရဲဝင့်ဝင့်နဲ့ ရိုမန်တစ်ဆန်ဆန် အချစ်ရေးလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြတာလည်း တွေ့ရပါတယ်..။

အမြဲ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးရွှေမှုံကတော့ ချစ်သူအပေါ် ကလေးဆိုးလေးလို အမြဲ ချွဲတတ်လွန်းသလို ရွှေထူးကလည်း သူ့ရဲ့ ချစ်သူလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်နေတာမို့ ပရိသတ်တွေကြား အရမ်းကို ရေပန်းစားနေတဲ့ ဆယ်လီစုံတွဲလေးလည်း ဖြစ်ပါတယ်..။

Photo - ရွှေမှုံရတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။