FA ဖလား ကွားတားဖိုင်နယ်အဆင့်ပွဲစဉ်တွေ မဲခွဲအပြီးမှာ ချဲဆီးဟာ ယူနိုက်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံလျှက်ရှိနေပြီး နည်းပြ ကွန်တီကတော့ ဒီရာသီ FA ဖလားကို အသင်းခေါင်းဆောင် တယ်ရီအတွက် ဝင်ဘာလေမှာ ရယူပေးသွားချင်တယ်လို့ ဝင်ခံပြောဆိုလိုက်ပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ဆုံခိုက်မှာတော့ ကွန်တီက " တယ်ရီအတွက် ဒီဖလားကို ရယူပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ ဒါပေမယ့် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ကွာတားကို တက်လာတဲ့ 8 သင်းစလုံးကလဲ တောင့်တင်းတဲ့အသင်းတွေဖြစ်သလို မထင်မှတ်တာတွေလဲ စွမ်းဆောင်ပြနိုင်ကြပါတယ်။ ကျနော်တို့ကတော့ ကိုယ့်ခြေစွမ်းအပေါ်ပဲ အာရုံစိုက်သွားမှာ။

တယ်ရီဟာ ဝုဖ်နဲ့ပွဲကို ကစားပေးဖို့ အခွင့်အရေးရခဲ့သလို ခြေစွမ်းလဲပြနိုင်ခဲ့တာမို့ ကျေနပ်မိပါတယ်။ သူက ကျနော့်တို့အတွက် အရေးပါတဲ့ ကစားသမားပါ။ အသင်းခေါင်းဆောင်လဲဖြစ်သလို ကွင်းတွင်းမှာရော၊ ကွင်းအပြင်မှာပါ အသင်းအတွက် အရေးပါတဲ့ သူပါ" လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Ref: ES sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။