ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဒိုင်နိုဆောများ ရှင်သန် ပေါက်ဖွားရာ ခေတ် ကာလတွင် နေထိုင်ခဲ့သည့် ထူးခြားသော ဝက်နှာခေါင်းနှင့် လိပ် အမျိုးအစားကို ယူတားပြည်နယ် တွင် တွေ့ရှိ ခဲ့ပါတယ်။ ဒီလိပ်ရဲ့ ကျောက်ဖြစ် ရုပ်ကြွင်းကို ယူတားသဘာဝ သမိုင်းပြတိုက် မှအဖွဲ့တစ်ဖွဲ့က ပြည်နယ် တောင်ပိုင်းရှိ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် နေရာ၌ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး

အဆိုပါလိပ် အမျိုးအစားသည် ထူးခြား ဆန်းကြယ်သော လိပ်မျိုးဖြစ်ကြောင်း တက္ကဆက် တက္ကသိုလ်မှ ဂျိုဟွာလစ်ဗ်လီ က ပြောကြား ခဲ့ပါတယ်။ နှစ်ပေ အရှည်ရှိသည့် အဆိုပါ လိပ်အမျိုးအစား သည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၆ သန်းခန့်က ယူတားပြည်နယ် တောင်ပိုင်း၏ စိုစွတ်ပြီး ပူနွေးသော ရာသီဥတုနှင့် မြစ်ချောင်းများ ပေါများမှုကြောင့် ယင်းဒေသတွင် နေထိုင်ခဲ့ခြင်း ဖြစ်ဖွယ်ရှိပြီး

ပုံပန်သဏ္ဍာန်မှာ ဝက်နှာခေါင်း ကဲ့သို့ နှာခေါင်းပေါက် နှစ်ပေါက်ပါသည့် အတွက် တွေ့နေကျ လိပ်များထက် တစ်မူထူးခြား နေခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ပရိသတ်ကြီးအတွက်အခုလို ထူးဆန်းတဲ့အကြောင်းအရာလေးတွေကို ရှာဖွေ ဖော်ပြပေးအုန်းမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးပါအုန်းနော်။ 

Source : Naykhayan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။