နေကြာစေ့ကို အများစုကတော့ အပျင်းပြေ စားသုံးလေ့ ရှိကြပါတယ်။ တစ်ချို့ကလည်း ကြိုက်လွန်းလို့ကို တကူးတက စားသုံးတာမျိုးလည်း ရှိပါတယ်။ အခုကတော့ မကြာခဏ နေကြာစေ့ စားသုံးနေတတ်သူများအနေနဲ့ဖြစ်ဖြစ်၊ ကြိုက်လွန်းတဲ့ သူတွေအတွက်ပဲဖြစ်ဖြစ် နေကြာစေ့ စားခြင်းကြောင့် ရရှိစေနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။

နေကြာစေ့က အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ ကယ်လ်စီယံနဲ့ မဂ္ဂနီစီယမ်ဓာတ်တွေ ပါဝင်ခြင်းကြောင့် ကလေးငယ်တွေ အတွက်ရော သံဓာတ်ချို့တဲ့သူတွေ အတွက်ပါ များစွာ အထောက်အကူ ဖြစ်စေပါတယ်။ ဗီတာမင်ဓါတ်တွေ ကြွယ်ဝတဲ့အတွက် အရိုးအဆစ်များ ရောင်ရမ်းခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းတို့ကိုလည်း သက်သာစေပါတယ်။

နေကြာစေ့မှာ ဗီတာမင် E ပါဝင်တဲ့အတွက် ပန်းနာရင်ကျပ်တွေကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။ phytosterol ၊ lignans ဓာတ်တွေပါဝင်ခြင်းကြောင့်လည်း ကင်ဆာကို ဖြစ်စေနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ဓါတ်တွေကို ထိန်းချုပ်ပေးပါတယ်။ နေကြာစေ့ကို ပုံမှန်စားပေးရင် အရွယ်တင် နုပျိုစေပါတယ်။ ဆံပင်ဖြူခြင်း၊ မျက်စိမှုန်ခြင်း တို့ကိုလည်း လျော့ချပေးပါတယ်။ ဗီတာမင် B ၊ ဗီတာမင် E၊ ပါဝင်ခြင်းကြောင့် ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောနဲ့ အဆီဓာတ်တွေကို ချေဖျက်နိုင်တဲ့ အတွက်ကြောင့် နှလုံးရောဂါ နဲ့ သွေးချိန်မမှန်ခြင်းတွေကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် မျက်နှာပြင်မှာ ရှိတဲ့ တင်းတိပ်၊ ဝက်ခြံ၊ မှဲ့ခြောက် တွေကို မဖြစ်အောင်ကာကွယ်ပေးပါတယ်။ နေကြာစေ့ကို ပုံမှန်စားပေးပါက ကျန်းမာရေးအတွက်ရော အလှအပရေးရာ အတွက်ပါ အကျိုးပြုကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ကြေးမုံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။