စီရော်နယ်ဒိုကတော့ လက်ရှိမှာ ပေါ်တူဂီနိုင်ငံမှာ CR7အမည်ရှိတဲ့ ဟိုတယ်နှစ်ခုကို ပိုင်ဆိုင်းပြီး မွေးရပ်မြေ ဖန်ချယ်လ်မြို့မှာ ၂၀၁၆ဖွင့်လှစ်ခဲ့တာပါ။ စီရော်နယ်ဒိုကတောက ယခုမှာ အဆင့်မြင့် ဟိုတယ် ၅လုံးပိုင်ဆိုင်ထားပြီး ယနေ့မှာတော့ စီရော်နယ်ဒိုတစ်ယောက် ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ CR 7အမည်ရှိတဲ့ ဟိုတယ်ကို ဖွင့်လှစ်ဖို့စီစဉ်နေပါတယ်။ 

ဂျူပီတပ်စ်အသင်းရဲက ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုကတော့ အဆိုပါတည်ဆောက်မဲ့ဟိုတယ်အတွက် ယူရို သန်း ၆၀ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ စီရော်နယ်ဒိုကတော့ ယခုကတည်းက အိုစာမင်းစာကို ရှာနေပြီး စီးပွားရေးအကွက်မြင်တတ်တဲ့ မျက်စိရှိတယ်လို့ ချီးကျူးနေကြပါတယ်။ စီရော်နယ်ဒိုကတော့ ယခုမှာ CR7ဆိုတဲ့ ဖက်ရှင်ဆိုင်အသေးစားများစွာကို ဖွင့်လှစ်ထားပါတယ်.  

စီရော်နယ်ဒိုကတော့ ပြင်သစ်နိုင်ငံမှာတည်ဆောက်မဲ့ ဟိုတယ်နဲပပတ်သက်ပြီး " ပဲရစ်မှာ တည်ဆောက်မဲ့ဟိုတယ်အတွက် အရမ်းပဲစိတ်လှုပ်ရှားမိပါတယ်။ ပဲရစ်က ကမ္ဘာ့ပေါ်မှာ ခရီးသွားတွေ အများဆုံးလာရောက်တဲ့ မြို့လေ " ဆိုပြီးပြောထားပါတယ်။ CR7 ကတော့ ဘောလုံးမှာသာ ထူးချွန်သူမဟုတ်ဘဲ စီးပွားရေးလဲ အကွက်မြင်တတ်သူဖြစ်ပါတယ်။

SOURCE: DAILY MAIL 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။