မြန်မာ့လက်ရွေးစင်အသင်းရဲ့အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့အောင်သူကတော့

မြန်မာဘောလုံးပရိတ်သတ်တွေရဲ့အချစ်တော်တစ်ယောက်ဖြစ်ပါတယ်။ရတနာပုံအသင်းကနေ

ထိုင်းကလပ်PoliceTeroအသင်းကိုအငှားစာချုပ်ဖြင့်လာရောက်ကစားနေတာဖြစ်ပါတယ်။

ခြေစွမ်းပြဂိုးသွင်းမှုတွေကြောင့်ထိုင်းပရိတ်သတ်တွေတစ်ခဲနက်အားပေးခံရတဲ့မြန်မာကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

အောင်သူဟာထိုင်းလိဒ်ပထမအကျော့ကခြေစွမ်းပြပြီးဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့်ဒုတိယအကျော့မှာတော့

ဂိုးမသွင်းနိုင်ပဲခြေစွမ်းပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။မနေ့ကယှဉ်ပြိုင်ကစားတဲ့PoliceTeroအသင်းနဲ့

PattyaUnitedတက်တို့ပွဲမှာတော့ဒုတိယပိုင်းမှာလူစားလဲဝင်ရောက်ခဲ့ပြီးခြေစွမ်းပြပြီးဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မနေ့ကပွဲမှာအောင်သူဂိုးသွင်းယူနိုင်ခဲ့ပေမယ့်ပွဲအပြီးမှာ၃၁ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာဂိုးသွင်းယူနိုင်ခဲ့တဲ့အောင်သူကတော့ပရိတ်သတ်တွေစိတ်အဝင်စားဆုံးဖြစ်ခဲ့ရပါတယ်။

နောက်ပွဲတွေမှာလည်းခြေစွမ်းတွေပြပြီးဂိုးသွင်းနိုင်မလားဆိုတာတော့စောင့်မျှော်ရင်းနဲ့အားပေးကြပါဦးနော်။

Photo:Police Tero

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။