ရွှေပြည်သာမြို့နယ် ၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ

မြိုလူမျိုး တိုင်းရင်သားကိုရင်လေး အသက်(၁၃)နှစ်အရွယ်

၈ တန်းကျောင်းတက်နေသူအား

သူ၏အမျိုးခြံအတွင်း ကျူးကျော်ဝင်ရောက်သည်ဟုဆိုကာ

၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး အစရှိသူများမှ လက်နှစ်ဖက်အား

နောက်ပြန်ကြိုးတုတ်ခြင်း ဦးခေါင်းအားထုရိုက်ခြင်း ထိုးကြိတ်ခြင်းများ ပြုလုပ်ကာ ရွှေပြည်သာ ရဲစခန်းအချုပ်အတွင်း

သင်္ကန်းချွတ်ကာ ချုပ်နှောင်ထားခဲ့ပါသည်။

၁၃ နှစ်ဆိုတာကလေးအရွယ်ရှိပါသေးတယ်

ဒီအရွယ်လေးက အပြစ်တစ်ခုခုကျူးလွန်ရင်တောင်မှ

၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေနှင့် လက်နှစ်ဖက်ကို

နောက်ပြန်ကြိုးတုတ်ခွင့် ထုရိုက်ခွင့်မလုပ်သင့်သလို

လုပ်ပိုင်ခွင့်လည်း မရှိပါဘူး သက်ဆိုင်ရာကျောင်းတိုက်

အုပ်ထိန်းသူဆရာသမားများထံ အကျိုးအကြောင်းရှောက်

ထားရမှာပါ ။

ရွှေပြည်သာ ရဲစခန်းအနေနဲ့လည်း

၁၃ နှစ်သာကိုရင်လေးကို လူချွတ်ပြီး အချုပ်ထဲ

ထည့်ထားစရာအကြောင်းမရှိပါဘူး ကလေးသူငယ်

အခွင့်အရေးဆိုတာရှိပါတယ် ကလေးသူငယ်နဲ့ပတ်သက်တဲ့

ဥပဒေရှိပါတယ် ဒီလောက်အထိမင်းမဲ့စရိုက်ဆန်ဆန်လုပ်တာ

ကတော့ ဥပဒေအထက်ကို မိုင်ကုန်အောင်ကျော်လွန်သွားပါပြီ။

ယခုအခါ ကိုရင်လေးအား ရွှေပြည်သာရဲစခန်းမှ

ပုဒ်မ ၄၅၆ ပုဒ်မ ၅၀၉ နှင့်အမှုဖွင့်စွပ်စွဲထားပါတယ်

အမှုစစ်ရဲ အရာရှိကတော့ ဒုရဲအုပ် သက်ကိုကိုပါ။

ပုဒ်မ ၄၅၆ အိမ်ကျော်နင်းမှု သို့မဟုတ် အိမ်ဖောက်ထွင်းမှု

ပုဒ်မ ၅၀၉ မိန်းမတို့ကာယိန္ဒြေအားစော်ကားရန် ရည်ရွယ်သော

စကားပြောခြင်း သို့မဟုတ် ကိုယ်အမှုအယာပြသခြင်း စတဲ့

၂ မှုနှင့်စွပ်စွဲပြောဆိုထားတာဖြစ်ပါတယ်။

ဥပဒေအတိုင်းတော့ လုပ်ကြပေါ့ကွာ

ဥပဒေမဲ့လုပ်ရက်အတွက်တော့

ရွှေပြည်သာရဲစခန်းနှင့် ရွှေပြည်သာ ၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး

လက်ပြန်ကြိုးတုတ်သူ ထုနှက်ထိုးကြိတ်သူများ ဥပဒေအရ

ပြန်လည်ပေးဆပ်ဘို့ ပြင်ဆင်ထားပါ။ ။

ရွှေပြည်သာ ရဲမှူး

၀၉၄၅၀၀၅၄၃၀၇

၁၇.၂.၂၀၁၇ အရှင်သုစိတ္တ(မျိုးချစ်သမဂ္ဂ)

အရှင်ပညာဝံသ ငါးရာနှစ်ဆယ့်ရှစ်

မလွန်​လွန်​းဘူးလား

=============

​ရွှေပြည်​သာမြို့နယ်​မှာ ဖြစ်​ပွားသည်​့

မြိုတိုင်​းရင်​းသား ကိုရင်​(သမ​ဏေ) အား

အပြစ်​ရှိသည်​ကို စွပ်​စွဲပြီး ရိုက်​နှပ်​သည်​့ ကိစ္စ။

အပြစ်​ကိုကျူးလွန်​ရင်​

အ​ရေးယူ အပြစ်​​ပေးနိူင်​တယ်​။

ဥပ​ဒေအရ ​​ဆောင်​ရွက်​ ပြဿနာမရှိဘူး။

အခုများဖြင်​့ ဗုဒ္ဓဘာသာကို

ပေါ်​ပေါ်တင်​တင်​များ နှိပ်​ကွပ်​​နေသလို ဖြစ်​​နေပြီး

ဥပ​ဒေမဲ့ လုပ်​ရပ်​​တွေကို

သက်​ဆိုင်​ရာက မျက်​ကွယ်​ပြု​နေသလို ဖြစ်​​နေ​လေသလား။

မြို့နယ်​နှင်​့ရပ်​ကွက်​ သံဃာ့နာယက အဖွဲ့အစည်​းတွေကိုလည်​း

ရှိတယ်​လို့​တောင်​မှ ထင်​ကြ​သေးရဲ့လား။

သံဃနာယကအဖွဲ့ဆိုတာ

အလကားထားတာမဟုတ်​ပါဘူး။

အပြစ်​ရှိတယ်​လို့ ခံယူထားရင်​

သံဃာ့နာယကတိုင်​

ပြီးရင်​ ဥပ​ဒေအရ အ​ရေးယူ။

အပြစ်​​ပေးတာနဲ့မတူဘူး။

ဂုဏ်​သိက္ခာချတာ။

​စော်​ကားတာ။ ယုတ်​မာတာ။

စိတ်​ချ

အဲဒီအကျိုးတရား​တွေ

​သေလျာ​ပေါက်​ အကျိုး​ပေးလာလိမ်​့မယ်​။

လူအချင်​းချင်​း​တောင်​ မလုပ်​သင်​့တဲ့ ကိစ္စ။

အခုဟာက ဘုရားသား​တော်​။

လူ​တွေထက်​ အဆင်​့မြင်​့တယ်​။

​ခေတ်​က ပျက်​​နေပြီလား ။

#သာသနာနွယ် (စစ်ကိုင်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။