ဒိုလေးလို့ပြောလိုက်တာနဲ့ သူကဘယ်သူလဲဆိုတာ အများကြီးရှင်းပြစရာမလိုလောက်အောင် အောင်မြင်လှတဲ့ ဘောလုံးသမားတစ်ဦးကိုပြပါဆိုရင်တော့ သူဟာ Cristiano Ranaldo ပါပဲ။

ဒိုလေးဟာ ဘောလုံးကစားလာတဲ့ သက်တမ်းတစ်လျှောက်မှာလဲ ပန်းတိုင်အသစ်တွေစိုက်ထူထားနိုင်ပြီး အောင်မြင်လှတဲ့ ဘောလုံးသမားတစ်ဦးပဲဖြစ်ပါတယ်။  

ဒိုလေးဟာ သူ့ရဲ့တောင့်တင်းပြီးလှပလာတဲ့ ခန္ဓာကိုယ်ကြောင့် ကြော်ငြာတွေရိုက်ကူးဖို့အတွက် ခနခနကမ်းလှမ်းခံရသလို သူရိုက်ကူးထားတဲ့ကြော်ငြာတွေလည်း များစွာရှိနေပါတယ်။

ဒါ့အပြင် ဒိုလေးဟာ ကိုယ်ပိုင်အမှတ်တစ်စိတ်ထုတ်ကုန်တွေထုတ်လုပ်ပြီး ရောင်းချနေသူတစ်ဦးဖြစ်တယ်ဆိုတာ ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်။ 

CR7underwear အမှတ်ကို ထုတ်လုပ်ထားတဲ့ ဒိုလေးဟာ ဒီကနေ့မှာဆိုရင် CR7underwear စတိုင်အသစ်လေးကို ကိုယ်တိုင် မော်ဒယ်လုပ်ပြီးကြော်ငြာခဲ့တာတွေ့ရပါတယ်။ သူကြော်ငြာခဲ့တဲ့ post လေးမှာဆိုရင်လည်း campaingn လေးတစ်ခုပြိးဆုံးကြောင်းပြောထားပြီး Always on the ball ဆိုတဲ့ စကားလုံးလေးကို အဓိပ္ပါယ်ရှိရှိနဲ့ အသုံးပြုခဲ့တာကြောင့် ပရိသတ်တော်တော်များကတော့ သဘောကြနေကြပါတယ်။

ပရိသတ်ကြီးရေ ဒိုလေးကတော့ Always on the ball တဲ့နော်။

source- Cristiano Ranaldo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။