ထာဝရမန္တလေး ဇာတ်လမ်းတွဲကြီး၊ ဝိညာဉ်ရှိုက်သံ၊ ကံကံ၏အကျိုး၊ မာန်စတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောလေး ဟန်လင်းသန့်ကတော့ အနုပညာလောကကနေ တိတ်တဆိတ်ပျောက်ဆုံးခဲ့တာကို ပရိသတ်ကြီးသိရှိပြီးသား ဖြစ်မှာပါ..။

သရုပ်ဆောင် ဟန်လင်းသန့် ပဟေဠိဆန်ဆန် ပျောက်ဆုံးနေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာနဲ့ ပရိသတ်တွေကြား ထင်ကြေးအမျိုးမျိုးနဲ့ အတော်လေးကို ရေပန်းစားနေခဲ့တာလည်း တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ဟန်လင်းသန့်ကို လုံးဝဆက်သွယ်လို့ မရလို့ တွေ့အောင်ရှာပေးနိုင်တဲ့ သူအတွက် မျှော်လင့် မထားလောက်တဲ့ မေတ္တာဆုကြေးပေးအပ်သွားမယ်ဆိုပြီးတော့လည်း ဆုကြေးထုတ်ကြေညာခဲ့ပါသေးတယ်..။

ဟန်လင်းသန့်ကတော့ အနုပညာလောကကနေ အပြီးအပိုင်ရပ်နားလိုက်တဲ့ အကြောင်းကို ဗီဒီယိုဖိုင်လေးတစ်ခုနဲ့ ပရိသတ်တွေကို အသိပေးပြောပြခဲ့ပေမယ့် ဘာကြောင့် အခုလိုရပ်နားလိုက်တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ပြောပြခဲ့ခြင်း မရှိပါဘူး..။

စက်တင်ဘာ(၁၁)ရက်နေ့မှာတော့ ဟန်လင်းသန့် အခုလို အနုပညာလောက ကနေ ရပ်နားလိုက်တဲ့ အဓိကအကြောင်းအရင်းကို အစ်မဖြစ်သူ မေရှင်းသန့်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရင်ဖွင့်ပြောပြလာခဲ့ပါတယ်..။

“ပထမဦးဆုံး ဟန်လင်းသန့်ကို အားပေးကြတဲ့ ပရိတ်သတ်များကို

အထူးကျေးဇူးတင်ရှိပါတယ်.. ဟန်လင်းသန့် ပျောက်ဆုံးနေခြင်း

မဟုတ်ပါကြောင်း အသိပေးအပ်ပါတယ်..

မိသားစုနှင့် ယခုအချိန်ထိ အဆက်အသွယ်မပြတ်ပါဘူးရှင့်.. မူးယစ်ဆေးဝါးကိစ္စလည်း လုံးဝ မဟုတ်ပါဘူးရှင့် ဆေးလိပ်တောင် ဟန်ကျပန်ကျ သောက်မပြတတ်တဲ့သူပါ.. သူဟာ အနုပညာ အလုပ်ကို ရူးသွပ်ခဲ့ပြီး ဒီ လမ်းကြောင်းပေါ် ရောက်အောင် သူ့ဘာသာသူ ကြိုးစားရုန်းကန်ခဲ့ရတာပါ..

ကျမတို့ က သာမန် ဝန်ထမ်းမိသားစု ဖြစ်တဲ့ အတွက် သူ့ဝါသနာကို ဘာတစ်ခုမှ မပံ့ပိုးပေးနိုင်ခဲ့ပါဘူး

မိဘတွေ မရှိကြတော့တဲ့အတွက် သူ့ဝါသနာကို သူ့ဘာသာ ပြုစုပျိုးထောင်ခဲ့ရတာပါ.. သူ့အနေနဲ့ သူ့ဝါသနာပါတဲ့ အနုပညာ အလုပ်ကို ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့တာလည်း သူ့အတွက် အရမ်းခက်ခဲပါတယ်..

မိသားစုပံ့ပိုးမှု မရှိ.. ဘာအထောက်အပံ့မှ မရှိ.. ဘာကျောထောက်နောက်ခံမှမရှိ

ဒီနေရာအထိ လျှောက်လှမ်းခဲ့ရတဲ့ သူ့ဘဝက တကယ် ပင်ပန်းခက်ခဲခဲ့ပါတယ်.. အခုတော့ မောင်နှစ်မတွေအတူတူ ပြန်နေထိုင်ပြီး ဒိုးတူဘောင်ဘက် လုပ်ကိုင်စားသောက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတာပါ..

ဝါသနာ တစ်ဖက်.. ဝမ်းရေးတစ်ဖက် ရုန်းကန်နေရသူ့ကို နားလည်ပေးစေချင်ပါတယ်.. စိတ်ပူပေးကြတဲ့ သူ့ကို ချစ်တဲ့သူများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်..” ဆိုပြီး သူမက ရှင်းလင်း ပြောပြထားတာ ဖြစ်ပါတယ်..။

Photo – Han Lin Thant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။