လီ​ဗာပူး​နောက်​ခံလူဒီဂ​ျန်​လို​ဗန်​ဟာဒူးဒဏ်​ရာအတွက်​ဂျာမနီမှာရှိတဲ့အထူးကုဆရာဝန်​ထံ​ဆေးကုသမှုသွား​ရောက်​ခံယူ​နေပြီးလာမည်​့လက်​စတာစီးတီးနဲ့ပွဲစဉ်​ကိုလွဲ​ချော်​နိုင်​​ခြေရှိ​နေပါတယ်​။

စပါးအသင်​းကိုနှစ်​ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့ပြီး​နောက်​လီ​ဗာပူးဟာလာမည်​့၂၇ရက်​​နေ့မှာလက်​ရှိချန်​ပီယံလက်​စတာစီးတီးအသင်​းကိုကင်​းပါဂါမှာသွား​ရောက်​ကစားရမှာဖြစ်​ပါတယ်။

လို​ဗန်​ဟာဒူးဒဏ်​ရာ​ကြောင်​့ဟူးစီးတီးကို၂ဂိုးပြတ်​နဲ့ရှုံးနိမ်​့ခဲ့တဲ့ပွဲစဉ်​အပြင်​စပါးအသင်​းနဲ့ပွဲစဉ်​ကိုလည်​းလွဲ​ချော်​ထားခဲ့ပါတယ်​။

လို​ဗန်​ဟာစပိန်​နိုင်​ငံလာမန်​ဂါမှာပြုလုပ်​ခဲ့တဲ့လီ​ဗာပူးအသင်​းရဲ့​လေ့ကျင်​့​ရေးအစီအစဉ်​ကိုလည်​းပါဝင်​နိုင်​ခဲ့ခြင်​းမရှိခဲ့ဘဲတယ်​လီဂရပ်​သတင်​းဋ္ဌာနက​တော့ဂျာမနီကပြန်​လာပြီး​နောက်​လို​ဗန်​အ​နေနဲ့ရက်​အနည်​းငယ်​အနားယူရအုံးမှာဖြစ်​တာ​ကြောင်​့လက်​စတာနဲ့ပွဲကိုလွဲ​ချော်​မှာဖြစ်​တယ်​လို့​ဖော်​ပြထားပါတယ်​။

နည်​းပြယာဂန်​က​လော့က​တော့၎င်းရဲ့အဓိက​နောက်​ခံလူအ​နေနဲ့လာမည်​့တနလာင်္​နေ့မှာဝင်​​ရောက်​ကစားနိုင်​ဖို့​မျှော်​လင်​့​နေပြီးအကယ်​၍များလို​ဗန်​မပါဝင်​နိုင်​ခဲ့ရင်​​တော့က​လော့ဟာရက်​နာကလာ​ဗန်​ လူးကပ်​စ်​လီ​ဗာနဲ့ဂျိုးဂိုးမက်​ဇ်​တို့တစ်​ဦးဦးနဲ့ဂျိူရယ်​မာတစ်​ကို​ဗဟိုခံစစ်​မှာတွဲ​ပေးဖို့ရှိ​နေပါတယ်​။

လီ​ဗာပူးရဲ့​ဗဟိုခံစစ်​​နေရာအတွက်​လူးကပ်​စ်​လီ​ဗာဟာအ​ကောင်​းဆုံး​ရွေးချယ်​မှုဖြစ်​လာနိုင်​ပြီးဘရာဇီးဝါရင့်​ကစားသမားဟာပြီးခဲ့တဲ့​တော့တင်​ဟမ်​ကို၂ဂိုးပြတ်​နဲ့အနိုင်​ရရှိခဲ့တဲ့ပွဲမှာပြိုင်​ဘက်​တိုက်​စစ်​မှုးဟယ်​ရီကိန်​းကိုအ​ကောင်​းဆုံးထိန်​းချုပ်​နိုင်​ခဲ့တဲ့အပြင်​တည်​ငြိမ်​တဲ့​ခြေစွမ်​းပြသခဲ့တာ​ကြောင်​့ပဲဖြစ်​ပါတယ်​။

Ref; Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။