လက်ရှိ ငယ်ရွယ်သူကလေးငယ်များစွာရဲ့ အံ့အားသင့်စရာထူးချွန်မှုတွေကတော့ ပြည်တွင်း ကလေးငယ်များစွာဆီမှာ တွေ့မြင်ရလေ့ရှိတာတွေ့ရပါတယ်။ ၎င်းထူးချွန်မှုတွေထဲမှာ ၁၁နှစ်အရွယ် ရခိုင်ကလေးငယ်လေးတစ်ဦးရဲ့ ပုံတူပန်းချီလက်ရာကတော့ အံ့အားသင့်စရာတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ အဆိုပါ ကလေးငယ်လေးကတော့ မောင်ဟိန်းခန့်ညီဇော်ဖြစ်ပြီး စစ်တွေဇာတိမိဘဖြစ်သူ ဦးအောင်ညီဇော်နှင့် ဒေါ်အေးအေးမွန်တို့ရဲ့ သားကြီးတစ်ဦးဖြစ်ကြောင်း သိရပါတယ်။  

လက်ရှိ မောင်ဟိန်းခန့်ညီဇော်ကတော့ လှိုင်သာယာဂုဏ်ထူးဦးမောင်မောင် ပုဂ္ဂလိကကျောင်းတွင် ၅တန်းသင်ကြားနေသူတစ်ဦးဖြစ်ပြီး သားငယ်လေးရဲ့ အံ့အားသင့်စရာ ပုံတူပန်းချီလက်ရာတွေကတော့ ပရိသတ်တွေအမြင်ပဲဖြစ်မယ်ထင်ပါတယ်။ အဆိုပါ ပန်းချီပညာကို လွန်ခဲ့တဲ့ ၅လလောက်ကစတင်ရေးဆွဲခဲ့ပြီး ပုံတူပန်းချီတစ်ခုကို ၃ရက်ကြာရေးဆွဲလေ့ရှိကြောင်း မောင်ဟိန်းခန့်ညီဇော်ရဲ့ အဘိုးဖြစ်သူက ပြောပြခဲ့ပါတယ်။  

ကမ္ဘာ့အဆင့်မီရေးဆွဲပြသခဲ့တဲ့ ၁၁နှစ်အရွယ် ရခိုင်နွယ်ဖွားမောင်ဟိန်းခန့်ညီဇော်ရဲ့ ပန်းချီလက်ရာတွေကတော့ ပြည်တွင်းပြည်ပကြည့်ရှု့သူ သိန်းကျော်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ အဆိုပါ ပုံတူခဲပန်းချီရေးဆွဲခဲ့တဲ့ မောင်ဟိန်းခန့်ညီဇော်ကတော့ သူ့ရဲ့ပန်းချီပညာကို လက်ရှိ ပိုမိုကြိုးစားလျှက်ရှိပြီး အနာဂတ်ပန်းချီဆရာတစ်ဦးဖြစ်လာနိုင်အောင် ကြိုးစားလျှက်ရှိကြောင်း သိရပါတယ်။ ၅တန်းအရွယ် မောင်ဟိန်းခန့်ညီဇော်ရဲ့ ပုံတူခဲပန်းချီကတော့ ပရိသတ်ကြီးလည်း ကြည့်ရှု့ဝေဖန်ပေးကြပါအုန်းနော်...။

Photos - Sayar U Khyar Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။