ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကိုထိခိုက်တယ်ဆိုတာ လူတိုင်းသိတဲ့ ဆောင်ပိုဒ်တစ်ခုဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာ၊နှလုံး ရောဂါအပြင် တစ်ခါသောရောဂါတွေ လည်းဖြစ်တတ်တာမို့ အထူးရှောင်ကြည်ဖို့ တစ်ကမ္ဘာလုံးက ကြောငြာထားပြီးဖြစ်ပါတယ်။ကိုယ်ကဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့ကိုရှုရှိုက်မိရင်လည်း ရောဂါရစေနိုင်ပါတယ်။ဆေးလိပ်ငွေ့ဟာ မှုတ်ထုတ်လိုက်တဲ့ လူရဲ့ အနီးမှာ ရှိတဲ့ ပတ်ဝန်းကျင်ကပစ္စည်းအရာဝတ္တူတွေဆီကပ်ညှိကျန်ခဲ့ပါတယ်။  

ဆေးလိပ်ငွေ့ဟာပတ်ဝန်းကျင်ကို အလွယ်တစ်ကူပြန့်လွယ်ကြောင့် ကလေးငယ်တွေ ကိုအထူးရှောင်စေလို ပါတယ်။ကလေးရှိတဲ့နေရာတွေမှာ ဆေးလိပ်ကိုလုံးဝမသောက်မိပါစေနဲ့။ရှုရှိုက်သူတွေလည်း ဆေးလိပ်သောက်တတ်တဲ့သူလိုပဲ ကင်ဆာဖြစ်ပေါ်စေပါတယ်။ဆေးလိပ်ငွေ့တွေဟာ လူတွေရဲ့မျိုးဗီဇ ကိုခိုက်စေပြီး ပိုဆိုးစေတယ်လို့ ဆိုပါတယ်။အိမ်ခန်းအတွင်းမှာသောက်ရင်းလည်း အိမ်ရဲ့နံရံတွေမှာပါ ကပ်တွဲနေတယ်လို့ သိရပါတယ်

ကားစီးတဲ့အခါမှာလည်း ကားဆရာက ဆေးလိပ်သောက်ရင် မသောက်ဖို့ တားပေးပါ။ ဆေးလိပ်သောက်ရင် အပြင်မှာသောက်ပါ။ ဆေးလိပ်ငွေ့ဟာ အရမ်းအန္တာရယ်ရှိတာမို့ ဆေးလိပ်သောက်သူတစ်ဦးတွေ့ခဲ့ရင် ဝေးဝေး နေပေးပါ။ အားလုံးပဲကျန်းမာရွင်လန်းကြပါစေ။

Source: Health 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။