အဆိုတော် ဇော်ပိုင်ကတော့ ဆယ်စုနှစ်ကတည်းက အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ သူ့ရဲ့ အသံချိုချိုလေးနဲ့ တေးသီချင်းကောင်းလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။မြန်မာ နိုင်ငံရဲ့ တစ်ခေတ်တစ်ချိန်က ထိပ်တန်း အဆိုတော်တွေထဲမှာ အပါအဝင်လည်းဖြစ်ပါတယ်။သူရဲ့ သာယာတဲ့ အသံနဲ့ သီချင်းအေးအေးလေးတွေကို အကောင်းဆုံး သီဆိုခဲ့တာကြောင့် ပရိသတ် အခိုင်အမာ ရရှိထားတာလည်းဖြစ်ပါတယ်။ 

သူကတော့ အနုပညာအလုပ်တွေ ခုချိန်ထိ လုပ်ကိုင်နေတာဖြစ်ပြီး နေ့စဉ်လှုပ်ရှားမှုပုံရိပ်တွေနဲ့ အနုပညာပုံရိပ်တွေကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း ဖျော်ဖြေရေး အစီစဉ်တစ်ခုနဲ့ သြစတြေးလျကို အခြားအနုပညာ မောင်နှမတွေနဲ့ အတူရောက်ရှိနေတာဖြစ်ပါတယ်။သူနဲ့အတူ စည်သူလွင် မီးမီးခဲ အိမ့်ချစ် တို့ရောက်ရှိနေတာဖြစ်ပြီး အမှတ်တရ ပုံတွေကိုလည်း သူရဲ့ စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။

လူစုံတက်စုံနဲ့ သြစတြေးလျ ရောက်နေကြတဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး အပျော်တွေ ကူးစက်မိတာအမှန်ပါပဲ။သူတို့တွေကတော့ ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတွေလည်းဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်တွေတွက် သြစတြေးလျကိုရောက်နေတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကို ဇော်ပိုင်ရဲ့ ဖေ့ဘွတ်အကောင့်ကနေ မျှဝေပေးလိုက်ပါတယ်။ 

Source:Zaw Paing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။