Jolie တစ်ယောက် သူ့ရဲ့ သုံးယောက်မြောက်ခင်ပွန်းဖြစ်သူ Brad Pitt နဲ့ ကွာရှင်းပြီး ငါးလအကြာမှာ Jared Leto နဲ့ တွဲနေကြပြီဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်လာပါတယ်။ အသက်(၄၁)နှစ်အရွယ် လူမှုရေးလုပ်ငန်းတွေ ဝါသနာပါတဲ့ မင်းသမီးကတော့ ဒီကိစ္စကို ငြင်းဆိုထားပါတယ်။ ကလေး(၆)ယောက်မိခင်တစ်ယောက်အဖို့ ဒီလို ချစ်ရေးချစ်ရာတွေကို စဉ်းစားဖို့ အချိန်မပေးနိုင်ဘူးဆိုတာလည်း သဘာဝကျပါတယ်။ 

"ကွာရှင်းတယ်ဆိုတာ တကယ်တော့ ခက်ခဲတဲ့အချိန်တွေပါပဲ။ ကျွန်မတို့က မိသားစုတွေပာ။ နောင်လည်း ဒီလိုပဲ ဆက်ရှိနေဦးမှာပဲ"လို့ ဂျိုလီက BBC News ကို ပြောပြခဲ့ပါတယ်။

‘‘ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်မအများကြီးတော့ မပြော ချင်ပါဘူး။ ဒါကအရမ်းခက်ခဲတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့က မိသားစုတွေပါ။ အမြဲတမ်းမိသားစုတွေပါပဲ။ ကျွန်မတို့ ခက်ခဲ့တဲ့ အချိန်ကို ဖြတ်ကျော်မယ်။ အဲဒီအတွက် ပိုပြီးခိုင်မာတဲ့ မိသားစုတစ်ခုဖြစ်မယ်လို့လည်း မျှော်လင့်ထားတယ်’’

ဂျိုလီသည် တနင်္ဂနွေနေ့က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသော ၎င်းကိုယ်တိုင်ရိုက်ကူးထား သည့် First They Killed My Father ရုပ်ရှင်ပွဲဦးထွက်ပြပွဲသို့ ကလေးခြောက်ဦးနှင့်အတူတက်ရောက်ခဲ့ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။