ထူးဆန်းမှုလေးတစ်ခုလို့ ဆိုရမလောက်အောင်ပင် အိန္ဒိယနိုင်ငံမှာတော့ ဦးခေါင်း ၂ လုံးနဲ့ မျက်စိ ၃ လုံးပါတဲ့ နွားလေးတစ်ကောင်မွေးဖွားလာခဲ့ပါတယ်။

နွားပေါက်လေးကိုတော့ အိန္ဒိယနိုင်ငံတောင်ပိုင်း သန်ဂျဗာဒေသအတွင်းမှာ လွန်ခဲ့တဲ့ တလလောက်က မွေးဖွားလာခဲ့တာပဲဖြစ်ပါတယ်။

ပညာရှင်တွေကတော့ အခုလိုမွေးဖွားလာတာဟာ မျိုးဗီဇဆိုင်ရာ ပြဿနာတခုခုကြောင့်ဖြစ်တယ်လို့ပြောကြားခဲ့သလို ဒီအခြေအနေဟာ ဆက်လက်ရှင်သန်နိုင်ဖို့ မလွယ်ကူဘူးလို့ ခန့်မှန်းထားကြပါတယ်။

လက်ရှိမှာတော့ အဲဒီနွားပေါက်ကလေးဟာ အသက်ရှင်နေဆဲဖြစ်ပြီး မိခင်နွားမကြီးနဲ့အတူ လမ်းလျှောက်ကာ ကျန်းကျန်းမာမာ ရှိနေပါတယ်။ 

ဒေသခံတွေကတော့ ယခုဦးခေါင်း ၂ လုံးပါတဲ့ ဒီနွားပေါက်လေးကိုတော့ အံ့ဖွယ်နွားပေါက်လေးလို့ နာမည်ပေးထားကြပါတယ်။

အခုနွားလေးရဲ့ မွေးဖွားပုံဟာ အရမ်းကိုထူးခြားနေသလိုဖြစ်နေပြီး အခြားနွားတွေထက်ဖွဲ့စည်းပုံတွေသာလွန်နေပါတယ်။

ဒါပေမယ့် ဒီနွားလေးဟာ ဖွဲ့စည်းပုံကတော့ ထူးခြားပေမယ့် အသက်ရှင်ရပ်တည်ဖို့အတွက် ခက်ခဲလာနိုင်တယ်လို့ ပြောကြားထားသူတွေလည်းရှိနေပါတယ်။

source - Mirror and Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။