လူတစ်ချို့ကတော့ ချိုင်းနံ့ ထွက်တာကို အလွယ်တကူဖုံးဖိဖို့ နီးစပ်ရာက အနံ့ပျေက်ဆေးတွေ ဝယ်သုံးတတ်ကြပါတယ်။ဒီလိုမျိုး ဆေးတွေသုံးလိုက်တဲ့ အတွက် အနံ့လုံးဝပျေက်သွားတာမဟုတ်ဘဲ ပိုဆိုးတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ချိုင်းအနံ့ဟာ ပတ်ဝန်းကျင်အခြေအနေရ လုံးဝမကြိုက် ကြတဲ့ အနံ့တစ်ခုဖြစ်ပါတယ်။ဒါကြောင့် ချိုင်းနံတာကို မှီရာဆေးတွေမသုံးပဲနဲ့ မိမိခန္ဓာကိုယ်ထဲမှာလည်း ဘယ်လိုဟော်မုန်တွေ ပြောင်းလဲနေလို့ ဒီလိုအနံ့ထွက်ရတယ်ဆိုတာကို သေချာသိဖို့လိုပါတယ်။ 

သာမန်ကိုယ်သင်းရနံ့အနေနဲ့ ထွက်တာမျိုးမဟုတ်ဘဲ တစ်ခြားသောအကြောင်းရာတွေကြောင့် ချိုင်းချွေးထွက်နံ့နေရင်တော့ အစားသောက် နေထိုင်မှု ကအစ ဂရိုစိုက်ရမှာဖြစ်ပါတယ်။ချိုင်းချွေနံ့အပြင် ယားယံခြင်းတွေလက်မောင်းကြွက်သားနာကျင်ခြင်း၊တို့ခံစားနေရရင်လည်း ဆရာဝန်နဲ့ ပြသသင့် ပါတယ်။မတော်တဆ အကျိတ်ရောင်ရမ်းတာတွေ ဖြစ်တတ်ကြပါတယ်။ချိုင်းမှာလည်း ဝက်ခြံပုံစံမျိုးတွေ ပေါက်နိုင်တဲ့အတွက် တွေ့ရာ ဆေး တွေကို မလိမ်းတာအကောင်းဆုံးပါ ။

ချိုင်းချွေးနံ့ကို ပျေက်ကင်းစေအောင် ရေချိုးတဲ့အခါ ချိုင်းကိုသေချာပွတ်တိုက်ပေးဖို့လိုပါတယ်။ သို့မဟုတ် ချိုင်းကိုရေစိုဝတ်နဲ့ နာရီဝတ်တစ်ခါ ပွတ်တိုက်ပေးရင်လည်း အနံ့ဟာတစ်ဖြည့်ဖြည့်ပျေက်ကင်းစေပါလိမ်းမယ်။အကြမ်းအားဖြင့်တော့ ကျေက်ချဉ်ကို အရည်ဖျော်ပြီး ချိုင်းမှာလိမ်းတတ် ကြပါတယ်။ ဒါလည်းရိုးရာနည်းအရ ချိုင်းနံ့ပျေက်စေတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။

source: Health

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။