နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် နဲ့ Sexy Model သင်ဇာဝင့်ကျော် တစ်ယောက် ဘန်ကောက် ကိုရောက်ရှိလို့နေပါတယ်။ ဘန်ကောက်ရောက်ရှိခိုက် သင်ဇာဝင့်ကျော် ကတစ်ခေတ် တစ်ခါက နာမည်ကြီးခဲ့တဲ့ မော်ဒယ် မင်းသမီး ရတနာခင်နဲ့ ဓါတ်ပုံရိုက်ကူး ခဲ့တာဘဲဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော် ဟာ ဖက်ရှင်စတိုင် ကျတဲ့ ဝတ်စားပုံတွေကြော င့်သာမကဘဲ သူမရဲ့Sexy အပြင်းစားရိုက်ချက်တွေကြောင့်လည်း ပုရိသပရိတ်သတ်တွေ အကြား ရေပန်းစားသူတစ်ယောက်ပါ ။

ခရီးသွားရတာကို ပျော်မွေ့သူလေးတစ်ယောက် ရောက်လေရာနေရာမှာ မှတ်တမ်းတင် ရတာကြိုက်မယ် ဆိုတာကလည်း အသေအချာပါဘဲ ။ အခုလည်း ဘန်ကောက်မြို့မှာ ပျော်ရွှင်စွာ ဓာတ်ပုံရိုက်ကူးထားတဲ့ ပုံရိပ်တွေကို ပရိသတ်ကိုမျှဝေလိုက်ပြန်ပါပြီ ။ ရတနာခင်နဲ့ သူမဟာ တော်ရုံတွေ့ဆုံခဲပေမယ့် အခုလို ဘန်ကောက်မှာ တွေ့ဆုံခိုက် အတူတူ ဓာတ်ပုံရိုက်ကူးခဲ့တာ တကယ်ကို ရင်းနှီးခင်မင် တဲ့ပုံပေါ်ပါတယ် ပရိသတ်ကြီးရေ .. ။

လတ်တလောအနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလိုဆောင်ရွက်နေ တဲ့သူမ တစ်ယောက် ခရီးတွေ တောက်လျှောက်ထွက်ပြီး အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ဆောင်နေတာဘဲဖြစ်ပါတယ် ။ သူမ ရဲ့ Sexy ကျမှုတွေကို ပရိသတ်ဝေဖန်မှု အများ ပြားရှိနေပေမယ့်လည်း သူမကတော့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင် သွားတာတွေ့ရပါတယ် ။ ချစ်ပရိသတ်ကြီးအတွက် သရုပ်ဆောင် မင်းသမီးရတနာခင် နဲ့ သင်ဇာတို့ရဲ့ ဘန်ကောက်က ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Thin Zar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။