လိုက်ဘေးရီးယားသမ္မတ ဂျော့ချ်ဝီရာ ကတော့ နိုင်ဂျီရီးယားနိုင်ငံနဲ့ ကစားခဲ့တဲ့ ဘောလုံးပွဲစဉ်မှာ ပါဝင်ကစားခဲ့တယ်လို့သိရပါတယ်။

သမ္မတောဂျော့ချ်ဝီရာကတော့ လိုက်ဘေးရီးယားအသင်းမှာ ပါဝင်ကစားခဲ့တာဖြစ်ပြီး သူတို့ကစားခဲ့တဲ့ပွဲစဉ်ကတော့ ချစ်ကြည်ရေးပွဲစဉ်ပဲဖြစ်ပါတယ်။ 

သမ္မတဂျော့ချ်ဝီရာကတော့ ဘောလုံးလောက ကနေ ၁၆ နှစ်ကြာ အနားယူခဲ့ပြီးနောက်မှာမှ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သမ္မတအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသူပဲဖြစ်ပါတယ်။

သူကတော့ အရင်က ချဲလ်ဆီး ၊ မန်စီးတီး ၊မိုနာကို ၊ ပီအက်ဂျီ ၊မာဆေးအသင်းတွေမှာ ကစားခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ဖီဖာရဲ့ အကောင်းဆုံးကစားဆုကိုရရှိခဲ့တဲ့ ပထမဆုံး အာဖရိကနိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။ 

ယခုပွဲစဉ်မှာတော့ သမ္မတ ဂျော့ချ်ဝီရာဟာ ပွဲချိန် ၇၉ မိနစ်လောက်မှာမှ ဝင်ကစားခဲ့တာဖြစ်ပြီး အသင်းအတွက် အနိုင်ရရှိအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

သို့ပေမယ့် ဘောလုံးသမားအဖြစ်ကနေ နိုင်ငံရဲ့သမ္မတဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ဂျော့ချ်ဝီရာ ကတော့ တကယ်ကိုပဲ လေးစားစရာကောင်းလှပါတယ်။ 

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။