မိုးဦးကျရာသီတွင်ဖြစ်စေ၊ မိုးအကုန်ဆောင်း အကူးကာလတွင်ဖြစ်စေ နှာမွှန်ခြင်း၊ နှာစေးခြင်း စသော ရောဂါဝေဒနာများ ဖြစ်လေ့ရှိပါတယ်။ နှာစေးရောဂါကို ကြာရှည်စွာ မဖြစ်ပွားသင့်ပါဘူး။ နှာစေးခြင်းကို အလျင်အမြန် ကုသခြင်း မပြုပါက နောက်ဆက်တွဲအဖြစ် နှာရည်များ တရွှဲရွှဲကျကာ နှာရည်ပူလောင်ခြင်း၊ ထိတ်ခတ်နာဖြစ်ခြင်း၊ နှာခေါင်း၊ ပါးစပ်နှင့် လည်ချောင်းတို့မှ မကောင်းသော အနံ့များ ထွက်လာခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

ထိုသို့ နှာစေးရောဂါ ဖြစ်ပွားနေပါက သက်သာပျောက်ကင်းအောင် ပြုလုပ်နိုင်မဲ့ ရှေးဦးကုသနည်းကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ

ကြံသကာ လက်တစ်ဆစ်

ငရုပ်ကောင်းမှုန့် ၅စေ့ခန့်

ဆား အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

ကြံသကာကို ထုထောင်းလျှက် ဒယ်အိုးထဲမှာ ထည့်ပါ။ ငရုတ်ကောင်းမှုန့်ကို ညက်နေအောင် ထောင်း၍ အိုးထဲသို့ထည့်၍ ရောမွှေပါ။ သမ သွားသော အခါ ဆား အနည်းငယ် ထည့်ပါ။ ထိုနည်းအတိုင်း ဖော်စပ်၍ မနက်တိုင်း အိပ်ရာမှ ထလျှင် လျက်ပေးပါ။ သုံးရက်အတွင်း နှာစေးရောဂါ သက်သာ ပျောက်ကင်းသွားပါလိမ့်မည်။

နှာစေးနေစဉ်ကာလအတွင်း မိသားစုနှင့်တကွ ပတ်ဝန်းကျင်သို့ မကူးစက်စေရန် နှာချေသည့်အခါတိုင်း အဝတ်သန့်သန့် အုပ်၍ ချေပါ။

သတင်းအရင်းအမြစ် - မြန်မာ့ရိုးရာ ဆေးမြီတိုများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။