ကွမ်းရွက်ဟာ ကျန်းမာရေးအတွက်သာမက ထူးခြားတန်းဖိုးရှိတဲ့ ဆေးရွက်တစ်ရွက်ဆိုလည်း မမှားပါဘူး။ကွမ်းရွက်မှာ မျက်စီကို အထူးပြုတဲ့ဗီတာမင် ဓာတ် ပါဝင်ခြင်းကြောင့် သလိပ်ကိုကြေစေပါတယ်။ သည်းခြေကိုကောင်းမွန်စေတယ်။ လေဖောက်ပြန်ခြင်း၊ သွေးဖောက်ပြန်ခြင်း၊ ကောင်းမွန်စေ ပါတယ်။အပူများကို ငြိမ်းစေပြီး မျက်စိမှုံခြင်းကို ကာကွယ်ပေးပါတယ်။ 

ကွမ်းရွက်တွင် ခံတွင်းနံ့မကောင်းခြင်း၊ ခံတွင်းအညစ်ကြေး များကို ကင်းစင်စေပါတယ်။ပြီးတော့ ကာမကိုအားတိုးစေပါတယ်။စိတ်ကိုလန်းဆန်းစေ တယ်။ခံတွင်းကို သန့်ရှင်းစေတယ်။ကွမ်းရွက်အလေးချိန် ၁၀၀ ဂရမ်တွင် ထုံးဓာတ် ၁၅၀ ၊ ကယ်လိုရီ ၄၂ ၊ သံဓာတ် ၅၇ ပါဝင်ပြီး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဒါပေမဲ့ ဆေးဖြစ်ဝါးဖြစ် အဖြစ်သာစားလို့ရပြီး အလွန်အကျွန်စားရင်တော့ ပါးစပ်ကင်ဆာ လည်ချောင်းကင်ဆာ စတဲ့ ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ကွမ်းရွက်ဟာ မျက်လုံးအတွက် အခိုအငွေ့တွေကို ထွက်စေပြီး မျက်လုံးမှာမိနစ်အနည်းငယ်ကပ်ပေးခြင်းဖြင့် မျက်လုံးမှုံခြင်း ၊ မျက်လုံး ပူခြင်းတို့ကိုကင်းဝေးစေမှာဖြစ်ပါတယ။ ဒါကတော့ ငွေလည်းမကုန်သလို အလွယ်တစ်ကူလုပ်တဲ့နည်းလမ်းလို့ဖြစ်လု့ိ တင်ပြလိုက်ရပါတယ်။ ကွမ်းရွက်ဟာ တစ်ခြားသော ရောဂါတွေကိုလည်း ပျေက်ကင်းစေတာမို့ နောက်ထပ်ရေးသား တင်ပြပါအုန်းမည်။

source: Health

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။