မော်ဒယ်သရုပ်ဆောင် နဒီဝင့်နိုင်ဟာ အနုပညာလောကမှာ ပရိသတ်အားပေး လက်ခံမှု ရရှိပြီးသား သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ် ။ သူမက မကြာသေးမီအချိန်က အိမ် ထောင်ပြုတော့မယ်လို့ ပရိသတ်ကို အသိပေးခဲ့ ပါတယ် ။ ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့် သူမချစ်သူနဲ့ လမ်းခွဲပြတ်စဲခဲ့ တယ်လို့ သိရ ပါတယ် ။ ဒါပေမယ့် သူမကတော့ အနုပညာအလုပ် တွေနဲ့ ပရိသတ်အတွက်ပေး ဆပ်သွားပါမယ်လို့ အင်တာဗျူး တစ်ခုမှာ ဖြေဆိုခဲ့ပါတယ် ။

သူမပြောခဲ့သလိုဘဲ လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေပြီး သူမရဲ့သူငယ်ချင်းဖြစ်သူ မြကြာညိုနဲ့အတူ မဂ္ဂဇင်း အလှဓာတ်ပုံတွေကို ရိုက်ကူးနေတယ် လို့သိရပါတယ် ။ ဒီလထုတ် FACES Mgz Cover ကူးနေတာ ဖြစ်ပြီး သူမဟာ ရွှေအိုရောင် ဝတ်စုံလေးနဲ့ အရမ်းကိုတောက်ပနေတဲ့ ပုံရိပ်တွေရော ၊ အနက်ရောင် ဝတ်စုံလေးနဲ့ အမိုက်စား ပုံရိပ်တွေရော ရိုက်ကူးထားတာ ဖြစ်ပြီး နှစ်ယောက်လုံးက အရမ်းကို အမိုက်စား လှပနေတာ ဖြစ်ပါတယ် ။

သူမက နှလုံးသားရေး ကိစ္စ တွေအဆင်မပြေပေမယ့်လည်း သူမရဲ့အနုပညာအလုပ်တွေ ကိုတော့ အရင်က ထက်ပို ပြီး ကြိုးစားလုပ်ကိုင်သွားမှာပါလို့ဆိုပါတယ် ။ အဲ့ဒါကြောင့် နဒီဝင့်နိုင်ကိုချစ်တဲ့ ပရိသတ်ကြီး လဲ သူမကို အားပေးလိုက်ကြပါဦးနော် ။ ချစ်ပရိတ်သတ်ကြီး အတွက်သူမရဲ့ မဂ္ဂဇင်းရိုက်ကူးမှု ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : Nadi Wint Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။