အမေရိကန်သန်းပေါင်း (US$230 million) သန်း ချမ်းသာတဲ့ အဆိုတော် Rihanna ဟာသူမရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြစ်တဲ့ www.fentybeauty.com website ကို တည်ထောင်ပြီး အဆင့်တန်းမြင့်မြင့်နဲ့ အရေးအသွေးကောင်းမွန်တဲ့ cosmetics ကို ဖြန့်ချိခဲ့တဲ့ စီးပွားရေးပညာရှင် အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ US Billboard ရဲ့ လူကြိုက်အများဆုံးသီချင်းတွေ စာရင်းမှာ Rihanna ရဲ့ သီချင်းတွေဟာ ထိပ်ဆ့ုးက ပါဝင်ခဲ့သလို ယနေ့တိုင် အောင်မြင်နေဆဲ ဖြစ်ပါတယ်။

အဆိုတော် Rihanna ကတော့ 1988ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀) ရက်နေ့မှာ မွေးဖွးခဲ့တဲ့ အဆိုတော် ၊ သီချင်းရေးဆရာ၊ နဲ့ စီးပွားရေးပညာရှင် အမျိုးသမီး တစ်ယောက်လည်း ဖြစ်ပါတယ်။ 2003ခုနှစ်မှာ record producerတစ်ယောက်ဖြစ်တဲ့ Evan Rogers နဲ့ စတင်လက်တွဲပြီး Def Jam Recordings နဲ့ လဲ သီချင်း သီဆိုဖို့ စာချုပ်များ ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။မင်းသမီးတစ်ယောက်လည်း ဖြစ်သလို Rihanna ကိုယ်တိုင်ပါဝင်ခဲ့တဲ့ " ocean's 8" အက်ရှင်လ် ဇာတ်ကားဟာလည်း မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။

အဆိုတော်Rihanna ဟာ စက်တင်ဘာလ(၁၂) ရက်နေ့ က နယူးယောက်ခ် မြို့မှာ ကျင်းပခဲ့တဲ့ 2018 New York Fashion Week ကို တက်ရောက်ခဲ့သေးသလို ပွဲတက်တွေချည်း ဆက်နေတဲ့ သူမကတော့ စက်တင်ဘာလ(၁၃) ရက်နေ့၊ New York City ရဲ့ Cipriani Wall Street မှာကျင်းပခဲ့တဲ့ 2018 Diamond Ball ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇိုင်နာ Alexis Mabille Coutureရဲ့ outfit ဖြစ်တဲ့ အဖြူရောင် ဇာအပြည့်နဲ့ အပြည့်နဲ့ Chopard jewelryက ဆင်မြန်းပေးတဲ့ လက်ဝတ်ရတနာတွေကို ဆင်မြန်းကာ တကယ့်ကို ဆန်းသစ်တဲ့ ဖက်ရှင်လ်နဲ့ သူမကတော့ ဒီပွဲကို ဧည်သည့်တစ်ယောက် အနေနဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

SOURCE:http://www.justjared.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။