သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဘေဘီမောင်တစ်ယောက် သူမရဲ့ မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ မျှဝေလိုက်ပြီပဲ ဖြစ်ပါတယ်။ လှပလွန်းတဲ့ဘော်ဒီနဲ့ ချစ်စဖွယ် အပြုံး လေးက သူမရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ မြန်မာဝတ်စုံလေးနဲ့လည်း လိုက်ဖက်သလို လူငယ် ဆန်ဆန် ဒီဇိုင်းလေးတွေနဲ့လည်း သူမက ကြည့်ကောင်းလွန်းနေပါတယ်။ အမြဲ တမ်းပြုံးချိုနေ တဲ့ မျက်နှာလေးက ပရိသတ်တွေရဲ့ အချစ် တွေကို ပိုမိုသိမ်းပိုက်နေသလိုပါပဲ။

အနုပညာလောကမှာ နေရာတစ်ခုရရှိနေပြီဖြစ်ပြီး ပရိသတ်တွေကလည်း သူမကို အသိ အမှတ်ပြု လက်ခံအားပေးနေကြတာဖြစ်ပါတယ်။ အလှူအတန်းလေးတွေလည်းမကြာခဏ လုပ်တတ်သူလည်း ဖြစ်ပြီး ကြုံရင်ကြုံသလို ကာလဒါနလေးတွေလည်း လုပ်တတ်ပါသေးတယ်။ သူမရဲ့အလှပုံရိပ်တွေဟာ ပုရိသတွေကြားမှာအမြဲလိုလိုရေပန်းစားခဲ့ပြီး ဒီတစ်ခေါက် မြန်မာ ဆန်ဆန် ပုံရိပ်တွေဟာလည်း မကြွေကြွေအောင် ခြွေယူနေသလိုပါပဲ။

အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်နေပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ရရှိထား တဲ့ မော်ဒယ်သရုပ်ဆောင် ဘေဘီမောင်တစ်ယောက် သူမရဲ့မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို " ခရမ်းဆိုတာအလွမ်းပါမောင် ခရမ်းရောင်လေးဝတ်ပီးမောင့်ကိုလွမ်းနေရသူပါမောင်ရယ် " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ဘေဘီမောင်တစ်ယောက် ဘယ်လိုတွေလှပနေလည်း ဆိုတာ ပုံနှင့်တကွသက်သေပြပေးလိုက်ပြီနော် ပရိသတ်ကြီးရေ။

Photo - Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။