အခုနောက်ပိုင်း ဆိုရှယ်မီဒီယာတွေကျယ်ပြန့်လာတာနဲ့အမျှ တစ်ကမ္ဘာလုံးကအသံဗလံတွေကို တစ်နေရာထဲက ကြားနိုင်လာတယ်။ ဒီလိုအသံဗလံတွေထဲမှာ ခပ်စိတ်စိတ်ကြားနေရတဲ့အသံကတော့ အိမ်ထောင်ကွဲခြင်းပါပဲ။ အမျိုးသားတွေဖောက်ပြန်ကြလို့ သို့မဟုတ် စိတ်သဘောထားခြင်းမတိုက်ဆိုင်ကြလို့ အိမ်ထောင်ကွဲကြတယ်။ ဘာကြောင့်ပဲကွဲကွဲ မိန်းမသားတွေအနေနဲ့နစ်နာကြရတာပဲဆိုတဲ့ ဓလေ့ထုံးစံတွေထဲက ကိုယ့်ကိုယ်ကိုယ် ရုံးထွက်နိုင်အောင်၊ မမြင်ရတဲ့ကံကြမ္မာအလှည့်အပြောင်းကိုကျော်ဖြတ်နိုင်အောင် ဘဝနေထိုင်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်နော်။

အလုပ်လုပ်ပါ။

မင်းခင်ပွန်းဘယ်လောက်ငွေရှာကောင်းပါစေ လူမှုအသိုင်းအဝိုင်းကျယ်ပြန့်ဖို့နဲ့ ကိုယ်လိုချင်တာ စိတ်ကြိုက်ဝယ်နိုင်ဖို့အတွက် အလုပ်လုပ်ပါ။ ကိုယ့်ပိုက်ဆံကိုယ်ကိုင်သုံးရတဲ့အရသာကို အပြည့်အဝခံစားပါ။ မင်းခင်ပွန်းကဘယ်လောက်ချစ်ချစ်နော်။ မိဘဆီကမုန့်ဖိုးလက်ဖြန့်တောင်းတုန်းကတောင် အသုံးကြမ်းလို့ အဆူခံဖူးကြတာပဲလေ။ တစ်ချိန်ချိန်အပြောင်းအလဲတွေနဲ့ရင်ဆိုင်ရမယ်ဆိုရင်လည်း ကိုယ့်ဘဝရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုရှိနေတာ မမှားပါဘူး။

ငွေစုပါ။

နှစ်ဦးပိုင်ငွေမဟုတ်ပဲ မင်းတစ်ယောက်တည်းနာမည်နဲ့ ငွေစုနိုင်ဖို့ ကြိုးစားပါ။ အိမ်ထောင်ရေးသာယာနေရင်တောင် မမြင်ရတဲ့ လူမှုရေးနဲ့ ကျန်းမာရေးပြဿနာတွေကိုရင်ဆိုင်ဖို့ ငွေစုထားပါ။ မင်းမိသားစုကို ထောက်ပံ့နိုင်ဖို့ ငွေစုပါ။ အနည်းဆုံးတော့ မင်း ခင်ပွန်းနဲ့ရန်ဖြစ်ရင်တောင် သွားချင်တာသွား၊ စားချင်တာ လျှောက်စားလို့ ရတာပေါ့။

အလှပြင်ပါ။

မိန်းမသားအများစုက အိမ်ထောင်ကျသွားပြီဆိုတာနဲ့ မပြင်မဆင်နေလိုက်ကြတော့တာပါပဲ။ အလှပြင်တယ်ဆိုတာ သူများတွေကိုယ့်ကိုကြည့်ဖို့ထက် မိမိကိုယ်ကိုယုံကြည်ချက်ရှိအောင်ပါ။ ပလာတာမကြိုက်တဲ့ နွားပဲရှိချင်ရှိမယ်။ လှတာမကြိုက်တဲ့ယောက်ျားတော့ မမွေးသေးဘူးထင်တယ်နော်။ အမြဲတမ်းလှအောင်နေတာ ကိုယ့်ဘဝအတွက် ထိရောက်တဲ့ဘဝအာမခံချက်တစ်ခုပါပဲ။

မောင်နှမတွေနဲ့မကြာခဏတွေ့ဆုံပာ။

မိန်းမသားတွေက အချစ်မျက်နှာတစ်ရွာထင်ပြီးနေလိုက်ကြတာများပါတယ်။ ဆွေမျိုးမိဘတွေအိမ်သွားလည်ပါ။ မောင်နှမတွေနဲ့မကြာခဏတွေ့ဆုံပြီး ပျော်ပျော်ရွှင်ရွှင်နေကြည့်ပါ။ ကံမကောင်းလို့ အိမ်ထောင်ရေးအဆင်မပြေတောင် မိသားစုနဲ့မကင်းကွာခဲ့တဲ့အတွက် မိသားစုအိမ် အချိန်မရွေ့းပြန်တက်သွားလို့ရတာပေါ့။    

နောက်ဆုံးတစ်ချက်ကတော့ ကိုယ်ချင်းစာပါ။

လူတစ်ဦးနဲ့တစ်ဦးသင့်မြတ်ဖို့ ကိုယ်ချင်းစာတရားတစ်ခုပဲလိုပါတယ်။ အမေတစ်ယောက်ထဲမွေးပြီး အတူတူကြီးပြင်းလာတဲ့သွေးချင်းအရင်းတွေတောင် ငယ်ငယ်ကဆံပင်တွေဆွဲရန်ဖြစ်ခဲ့ဖူးတာပဲ မဟုတ်လား။ မင်းရဲ့ခင်ပွန်းဟာ ပုံစံမတူတဲ့မိခင်ကမွေးဖွားလာတာဆိုတာ နားလည်ပါစေ။ စိတ်သဘောထားချင်းမတိုက်ဆိုင်ကြတဲ့အခါ သူမှငါမဟုတ်ပဲဆိုတာကိုနားလည်ပြီး ကိုယ်မကြိုက်ရင်သူလည်းမကြိုက်နိုင်ဘူးဆိုတာ ကိုယ်ချင်းစာပေးပါ။

တကယ်ဆို အိမ်ထောင်ရေးသာယာအောင်ကြိုးစားရမှာ ကျွန်မတို့တွေ အားထုတ်ရမယ့်အပိုင်းဖြစ်ပေမယ့်လည်း မင်းမှာအသက်မွေးဝမ်းကျောင်းပညာရှိတယ်။ ငွေရှိပြီးအလှတရားတွေရှိတယ်။ မိသားစုရှိတယ်။ တစ်ချို့အရာတွေမှာ ဆုပ်ကိုင်ထားရတာ အရမ်းပင်ပန်းခက်ခဲလာတဲ့အခါ လွှတ်ချတတ်ပါစေ။ ပတ်ဝန်းကျင်က ပြောဆိုကြတဲ့စကားသံတွေကြားက ခွဲထွက်လိုက်ပါ။ မင်းအတွက် ဘေးထွက်ဆိုးကျိုးပေးနေပြီဆိုရင်တော့ ကြိတ်မှိတ်သည်းခံငိုကြွေးမနေပါနဲ့တော့။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး ထက်မြတ်တဲ့မိန်းမသားတစ်ဦးအတွက် ယောက်ျားတစ်ဦးဆိုတာ ချစ်ခြင်းမေတ္တာထားဖို့အပြင် ဘာအပေးအယူမှမရှိပါဘူး။ ဒါ့ကြောင့်ပြောတာပေါ့။

" အိမ်ထောင်ကွဲတာ မင်းအပြစ်မဟုတ်ဘူး။ ဒါပေမယ့် ကံတရားကို ယုံကြည်မှုလွန်ကဲပြီး ပြင်ဆင်မှုဘာမှမရှိခဲ့ရင်တော့ မင်းအပြစ်ဖြစ်သွားပြီ "လို့။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။