မကြာခင်က ကစားခဲ့တဲ့စပါး နဲ့လီဗာပူးတို့ပွဲမှာတော့ စပါးအသင်းဟာ ဗွန်း နောက်တန်းမှာ ထရစ်ပီယာ ၊ အယ်လ်ဒါဝီရယ် ၊ ဗာတွန်ဂန် ၊ ရို့စ် ကွင်းလယ်မှာတော့ ဟယ်ရီ ဝင်ခ့် ၊ အဲရစ် ဒိုင်ယာ ၊ မူဆာ ဒမ်ဘီလီ ၊ အဲရစ်ဆင် တိုက်စစ်ကို လူးကပ် မော်ရာ နဲ့ ကိန်းတို့က ဦးဆောင် လာခဲ့ပါတယ်။၊လီဗာပူး နည်းပြ ကလော့ပ် ကတော့ ဂိုးသမား နေရာမှာ အလီဆွန် ၊ နောက်တန်းမှာ ဗန်ဒိုက် ၊ ဂိုးမက်ဇ် ၊ ရော်ဘတ်ဆန် ၊ အာနိုး ကွင်းလယ်မှာ မေလ်နာ ၊ ဝိုင်နယ်ဒမ် ၊ ကီတာ တိုက်စစ်မှာတော့ မာနေး ၊ ဆာလတ် ၊ ဖာမင်နို တို့ကို သုံးခဲ့ပါတယ်။

ပွဲစစချင်းပဲ လီဗာပူးဟာ ဂိုးမလိုဖြစ်ခဲ့ပြီး လူကျွံခဲ့တာကြောင့်သာ ဂိုးမရရှိခဲ့တာပါ။ လီဗာပူးအတွက် အဖွင့်ဂိုးကိုတော့ ဝိုင်နယ်ဒမ် က ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး အဆိုပါဂိုးပါ စပါးအသင်းကို စိတ်ပျက်စေခဲ့ပါတယ်။စပါးရဲ့နောက်တန်းဟာ မှားပြီးရင်းမှားခဲ့ပြီး ဒုတိယဂိုးဟာလဲ နောက်တန်းအမှားကနေ ဖာမီနိက သွင်းယူပေးခဲ့တာပါ။

စပါးနည်းပြပိုချက်တီနိုကတော့ လူစားလဲဖို့တွန်ဆုတ်နေခဲ့တာဟာ လီဗာပူးကို အရှုံးပေးသလိုဖြစ်ခဲ့ပြီး နောက်ဆုံးမိနစ်မှ လူစားလဲကာ မိနစ်၉၀ကျော်မှလူစားဝင်လာတဲ့ လာမယ်လာက သွင်းယူခဲ့ပါတယ်။လီဗာပူးကတော့ ၅ပွဲအနိုင်ရလဒ်ဖြစ်တဲ့ စံချိန်ကို ရှိခဲ့ပြီး ချန်ပီယံဆုဖလားဆီသို့ ဦးတည်လာနေပါပြီ။ လီဗာပူးကတော့ အဆင့်၁နေရာကို ရယူခဲ့ပြီး စပါးကတော့ အဆင့်5နေရာကို ရေက်ရှိခဲ့ပါတယ်။

source google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။