တစ်ယောက်နဲ့တစ်ယောက်အချစ်ပိုစေဖို့ ကိုယ့်ချစ်သူကိုဘာတွေပြောရင်ကောင်းမလဲ။

မိန်းကလေးတစ်ဝက်လောက်က သူတို့ရဲ့ချစ်သူနဲ့ပတ်ဝန်းကျင်ကို “ကျေးဇူးပဲနော်”လို့ ပြောဖို့မလိုအပ်ဘူးလို့ ထင်နေကြပါတယ်။ ကိုယ့်အတွက် “ကျေးဇူးပဲနော်” ဆိုတဲ့စကားလေးတစ်ခွန်းက ပြောဖို့လွယ်ကူပေမယ့် လူအများက ကျေးဇူးတင်ဖို့မေ့နေတတ်ကြလို့ ခိုင်မြဲတဲ့အချစ်တစ်ခုတည်ဆောက်တဲ့နေရာမှာ ခက်ခဲနေကြတယ်ဆိုတာ သတိပေးချင်လို့ပါနော်။အမေရိကန်လူမျိုးတွေရဲ့ကျေးဇူးတင်တတ်ခြင်းအလေ့အကျင့်ကို သုတေသနပြုကြည့်တဲ့အခါမှာ အမေရိကန်လူမျိုးတွေရဲ့ ၉ရရာခိုင်နှုန်းဟာ ထသွားထလာကိစ္စလေးတွေမှာတောင် “ကျေးဇူးနော်” ဆိုတာမျိုးလေး ပြောလေ့ရှိကြပေမယ့် ကိုယ့်ချစ်သူကို အမြဲတစေ “ကျေးဇူးပဲနော်” လို့ပြောတတ်တဲ့ မိန်းကလေးရာခိုင်နှုန်းကတော့ ၄၈ရာခို်င်နှုန်းပဲရှိပါသတဲ့။

ကိုယ့်ချစ်သူကို ထမင်းစားရေသောက် “ကျေးဇူးပဲနော် အချစ်ရယ်”လို့ မပြောလို့လည်း မိန်းမဆိုးကြီးဖြစ်မသွားပါဘူးနော်။ ဒါပေမယ့် ခိုင်မြဲတဲ့အချစ်လမ်းပေါ်လျှောက်လှမ်းတော့မယ်ဆိုရင်တော့ “ကျေးဇူးပဲနော် အချစ်ရယ်” ဆိုတာလေးတွေက ကိုယ့်ကို အချစ်ပိုစေမယ်ဆိုရင်ရော ကဲ ဘယ်လိုလဲ။ကျွန်မတို့ဟာ Relationship တစ်ခုကို ထူထောင်ကြတဲ့နေရာမှာ အစပိုင်းမှာတော့ ကျေးဇူးတင်တာမျိုးရှိကြပေမယ့်လည်း အချိန်ကြာလာတဲ့အခါမှာ ဒီလူဟာ အရင်းနှီးဆုံးသူဖြစ်သွားကြတဲ့အတွက် ကျေးဇူးတင်စကားပြောစရာမလိုတော့ပါဘူးလို့ တွေးလေ့ရှိကြပါတယ်။ကိုယ်ချစ်တဲ့သူကို အမြဲတစေ ကျေးဇူးတင်စကားဆိုရင်း အချိန်ကြာလာတဲ့အမျှ လျော့ရဲလာတဲ့အချစ်ကြိုးတွေကို ပြန်လည်တင်းကျပ်ပေးနိုင်သလို ချစ်သက်တမ်းရှည်ကြာဖို့အတွက်လည်း အထောက်အကူပေးမှာပါ။

အထူးသဖြင့်ကျွန်မတို့မြန်မာနိုင်ငံသားတွေမှာ “ကျေးဇူးတင်တယ်နော်”လို့ ပြောလိုက်တာမျိုးဟာ သူစိမ်းတွေအတွက်ပဲဖြစ်နေပြီး ကိုယ်နဲ့အရင်းနှီးဆုံးသူတွေဖြစ်တဲ့ မိသားစု၊ ချစ်သူနဲ့ သူငယ်ချင်းတွေအပေါ်မှာ “ငါတို့တစ်ယောက်နဲ့တစ်ယောက်က ကျေးဇူးတင်စရာလူတွေမှ မဟုတ်တာ။” လို့ပဲ အများစုက တွေးကြတယ်။ဒါပေမယ့် ပြောချင်တာက ကျေးဇူးတင်ကြည့်ပါ။ ကိုယ့်ဘက်က အပန်းမကြီးတဲ့ အားထုတ်မှုလေးတစ်ခုဆိုပေမယ့် အကျိုးထူးရမယ်လို့ အာမခံပါတယ်နော်။ “ရုံးကအပြန် ဘုရားပန်းလေးဝယ်လာပို့ပေးတာ သိပ်ကျေးဇူးတင်တာပဲ အချစ်ရယ်။”၊ “ မိန်းမအပြင်သွားနေတုန်း ကလေးတွေကိုကြည့်ပေးထားလို့ ကျေးဇူးပဲ ယောက်ျားရယ်။” စသည်ဖြင့် ပြောကြည့်တာမျိုးလေးတွေ၊ ကျေးဇူးတင်အနမ်းလေးပေးတာမျိုးလေးတွေ လုပ်ကြည့်ပြီး အချစ်တွေ အကုန်သိမ်းပိုက်ကြရအောင်လားနော်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။