လတ်တလော Kpop လောကကို လှုပ်လှုပ်ရှားရှားဖြစ်စေတဲ့ သတင်းကတော့ E'Dawn နဲ့ HyunA တို့နှစ်ယောက်ကို သူတို့ရဲ့ အေဂျင်စီ Cube Entertainment က ထုတ်ပယ်ပစ်လိုက်တယ်ဆိုတဲ့ သတင်းပါ ။ အေဂျင်စီတူ အလုပ်လုပ်ကြတဲ့ မိတ်ဆွေတွေအဖြစ်ကနေ နားလည်မှုရပြီး ချစ်ကျွမ်းဝင်ခဲ့ကြတဲ့ သူတို့နှစ်ဦးကို ပရိတ်သတ်တွေကသတိထားမိပြီး သတင်းတွေထွက်လာခဲ့တဲ့အချိန်မှာ အေဂျင်စီက မဟုတ်ကြောင်း ငြင်းဆိုခဲ့ပေမယ့် HyunA ကတော့ သူမရဲ့ SNS ကတစ်ဆင့် ပရိတ်သတ်တွေကို မလိမ်ချင်တဲ့အတွက် သူတို့ချစ်နေတာ နှစ်နှစ်လောက်ရှိနေပါပြီလို့ ပြောကြားခဲ့ပါတယ် ။

ထို့နောက်မှာတော့ HyunA ရော HyunA ရဲ့ ချစ်သူ E'Dawn ကိုပါ သူတို့ Entertainment ကနေထုတ်ပယ်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်တာပါ ။ HyunA က သူမရဲ့ အနုပညာခရီးအစကို Wonder Girl အဖွဲ့နဲ့ စတင်ခဲ့ပြီး ထိုအဖွဲ့ကထွက်ခွာသွားချိန်မှာ 4 Minute အဖွဲ့မှာ ထပ်မံပါ၀င်ခဲ့ပါတယ် ။ နာမည်ကြီးအဆိုရှင်တစ်ယောက်ဖြစ်လာခဲ့ပြီး 2016 နောက်ပိုင်း အဖွဲ့ပြိုကွဲသွားခဲ့ချိန်မှာ Solo Artist အဖြစ်ရပ်တည်နေခဲ့တာဖြစ်ပါတယ် ။ သူမရဲ့ Talent တွေ Sexy ကျပြီး ဆွဲဆောင်မှုရှိတဲ့ ဖျော်ဖြေမှုတွေ ကြောင့် လူသိများလှပါတယ် ။ လက်ရှိအချိန်မှာ သူမတို့စုံတွဲကို ထုတ်ပယ်လိုက်တဲ့ သတင်းကြောင့် Cube Entertainment ရဲ့ Company ရှယ်ယာတွေ အဆက်မပြတ်ထိုးကျလာကြောင့် Company က သူမတို့ကို ထုတ်ပယ်ဖို့မပယ်ဖို့ သေချာ မဆုံးဖြတ်ရသေးဘူးလို့ ထပ်မံသတင်းထုတ်ပြန်ချက်လုပ်ခဲ့ပေမယ့် ပရိတ်သတ်တွေရဲ့ လှောင်ပြောင် သရော်မှုတွေကို ပဲပြန်လည်ရရှိခဲ့ပါတယ် ။ 

HyunA ကတော့ အေဂျင်စီ ရုံးခန်းက ထွက်ခွာသွားချိန်ကတည်းက ပျော်ပျော်ရွှင်ရွှင်ပဲ ထွက်ခွာသွားခဲ့ပြီး အေဂျင်စီအပြင်မှာစောင့်နေတဲ့ သူမရဲ့ ပရိတ်သတ်တွေကို ကတောင်ကပြသွားခဲ့ပါသေးတယ် ။ လက်ရှိမှာတော့ အခြား အေဂျင်စီတစ်ခုဖြစ်တဲ့ AOMG ကိုပြောင်းရွှေ ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် Confirm တော့မလုပ်ရသေးပါဘူး ။ AOMG က Jay Park ရဲ့ အေဂျင်စီလဲဖြစ်ပါတယ် ။ အခု ပြသာနာတွေဖြစ်ပြီးတဲ့နောက်မှာတော့ Hyuna ဘက်ကထောက်ခံတဲ့သူတွေ များပြားလာခဲ့ပြီး သူမရဲ့ SNS ကိုလည်း Follow လုပ်တဲ့သူတွေ ပိုမိုများပြားလာခဲ့ပါတယ်တဲ့ ။ အဆိုးထဲကအကောင်းများလားနော် ။ 

သတင်းအရင်းမြစ် koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။