ပြည်တွင်း ထောင်ဖောက်ထွက်ပြေးမှုကတော့ ပြည်တွင်း ဖြစ်စဉ်တွေထဲ ရှားပါးဖြစ်စဉ်တစ်ခုဖြစ်သလို လွယ်ကူတဲ့အရာမဟုက်တာကိုတော့ အားလုံးသိလောက်မယ်ထင်ပါတယ်။ ပြည်တွင်း နာမည်ကြီးအကျဉ်းထောင်များစွာနှင့်အတူ အခြားအကျည်းထောင်များစွာမှာတော့ အကျဉ်းသားဦးရေ ရာဂဏန်းအနည်းဆုံးထားရှိလျှက်ရှိတာတွေ့ရပါတယ်။ မနေ့က စက်တင်ဘာ ၁၆ရက်နေ့ နံနက် ၈နာရီခွဲမှာတော့ ကရင်ပြည်နယ်ဘားအံမြို့နယ် တောင်ကလေးကျေးရွာအနီးတွင် တည်ရှိသော ဘားအံအကျဉ်းထောင်ဖောက်ထွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ထောင်ဖောက်မှုကြောင့် အကျဉ်းသား၄၀ကျော် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ထောင်တံခါးလေးဆင့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ အကျဉ်းထောင်အတွင်းရှိ ဓမ္မာရုံတောင်ဘက်စိုက်ခင်းအတွင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ပြီးနောက် ဓမ္မာရုံရှေ့တွင်စုပုံထားသော အမှိုက်များအား အကျဉ်းထောင်မှအသုံးပြုနေသော Mazda Titan မော်တော်ယာဉ်ဖြင့်တင်ဆောင်၍ ထွက်ခွာသွားမည်ပြုစဉ် ထောင်ဝန်ထမ်းယာဉ်မောင်းအားဆွဲချထိုးကြိတ်ကာ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။  

စက်တင်ဘာလ ၁၆ရက်နေ့ နံနက်၈နာရီခွဲအချိန်ခန့်တွင် အဆိုပါအကျဉ်းသား ၄၆ ယောက်ခန့်ဟာ ထိုမော်တော်ယာဉ်ကိုမောင်းနှင်ကာ ထောင်တံခါးလေးဆင့်အားတိုက်ဖွင့်ပြီး ဘားအံ-လှိုင်းဘွဲ့ကားလမ်းမှ လှိုင်းဘွဲ့မြို့ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။ လက်ရှိအချိန်တွင် ထွက်ပြေးလွှတ်မြောက်သွားသော အကျဉ်းသားများအား မြန်မာနိုင်ငံရဲ့တပ်ဖွဲဝင်များနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များကလိုက်လံဖမ်းဆီးရှာဖွေလျှက်ရှိကြောင်း သိရပါတယ်။

SOURCE - ကရင်လေး(ဘားအံ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။