တရုတ်မင်းသမီးလေး ဖန်ဘင်းဘင်းကတော့ ပရိသတ်တွေ ရင်းနှီးကြတဲ့ ၊ မြင်ဖူးနေကြ ဖြစ်တဲ့ တရုတ်ပြည်ရဲ့ သရုပ်ဆောင် မင်းသမီးလေး ဖြစ်ပါတယ်။ 1981ခုနှစ် ၊ စက်တင်ဘာလ(၁၆)ရက်နေ့ မှာ မွေးဖွားခဲ့ပြီး 1998–1999 ခုနှစ်များအတွင်းမှာ သရုပ်ဆောင်မင်းသမီး ဘဝနဲ့ TV-series တွေ မှာ စတင် သရုပ်ဆောင် ခဲ့ပါတယ်။အာရှတွင် ကျော်ကြားရုံမကပဲ 2014 ခုနှစ်မှာတော့ X-Men: Days of Future Past (2014) ဆိုတဲ့ ဇာတ်လမ်းမှာ Blink ဆိုတဲ့ Superhero ဇာတ်ကောင်ကိုရရှိကာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးဟောလီဝုဒ်ရုပ်ရှင်လောကမှာပါ ခြေဆန့်နိုင်ခဲ့သူ ဖြစ်ပါတယ်

တရုတ်နိုင်ငံရဲ့ အနုပညာသရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီး တစ်လက် ဖြစ်သလို လက်ရှိမှာ သူမရဲ့ Fans တွေရဲ့ ထွက်ဆိုချက်အရ အမေရိကန်ဒေါ်လာ သန်းပေါင်း($100 million) ချမ်းသာတယ်လို့ ကြားသိခဲ့ရပါတယ်။ သူမဘဝမှာ အောင်မြင်ဖို့ အခက်အခဲ ပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီး အမြောင်မယား၊ ငွေချူသူ ၊တိတ်တိတ်ပုန်း ကလေးမွေးထားသူ၊ အောင်မြင်မှုကို ခန္ဓာကိုယ်ဖြင့် ဝယ်ယူသူ စသဖြင့် မရေတွက်နိုင်သော အပုပ်ချသတင်း များကြားရုန်းကန် ကူးခတ်ခဲ့ရသည်။သို့ပေမဲ့ လည်း တဖက်တွင် သူမသည် မိဘကို လုပ်ကျွေးနေသည့် သမီးကောင်းလိမ္မာလေး ဖြစ်သလို ဘင်းဘင်းဟာ ပြည်သူတွေကို ချွေးသိပ်ကာ ရသမျိုးစုံ ပေးနိုင်ခဲ့တဲ့ သရုပ်မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။

ဒီနှစ် စက်တင်ဘာ(၁၆) ရက်မှာတော့ ဘင်းဘင်းဟာ အသက်(၃၇) နှစ် ပြည့်ခဲ့ပြီး ဖြစ်သလို မနှစ်က သူမရဲ့ မွေးနေ့မှာတော့ သူမရဲ့ ချစ်သူကလက်ထပ်ခွင့်တောင်းခဲ့ပြီး ဒီနှစ်မွေးနေ့ကတော့ ကံဆိုးခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ မီလီယံနာ ၊ အနုပညာပညာကြေး အမြင့်ဆုံး မင်းသမီး ဘင်းဘင်းက ခုချိန်မှာ ဘာမှ မရှိတော့အောင် မွဲသွားခဲ့သလို ကံကြမ္မာကြီးကလည်း မျက်လှည့်ပြနေခဲ့သလိုပါပဲ။ တရုတ်နိုင်ငံရဲ့ ဥပဒေ အရ မင်းသမီးတစ်ယောက်၊ အနုပညာရှင်တစ်ယောက်စီတိုင်းမှာလည်း ထမ်းဆောင်ရမဲ့ အခွန်ရှိသလို သူမကို အခွန်ရှောင်မှုနဲ့ သတင်းများထွက်ပေါ်ကာ စွပ်စွဲခံခဲ့ရပြီးနောက် တရုတ်နိုင်ငံရဲ့ ဥပဒေအရ သူမရဲ့ ပိုင်ဆိုင်မှု အားလုံးကို နိုင်ငံပိုင်သိမ်းယူသွားခဲ့တယ်လို့ ကြားသိရပါတယ်။ 

အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်ခွင့်ပိတ်ထားခံရသလို အသက်(၁၈) နှစ်သာ ရှိသေးတဲ့ သူမရဲ့ မောင်လေးဖြစ်တဲ့Fan Chengcheng ဟာလည်း လက်ရှိမှာ အဆိုတော် တစ်ယောက် ဖြစ်လာဖို့ ကြိုးစားနေဆဲ မို့ အမဖြစ်သူရဲ့ လက်၇ှိ အခြေအနေကြောင့် အရမ်းစိတ်မကောင်းမဖြစ်နေရပါတယ်။ လက်ရှိအချိန်မှာ တမိသားစုလုံးကို အလုပ်အကျွေးပြုခဲ့တဲ့ သူတစ်ယောက် ဘယ်ဆီရောက်နေလဲ အတတ် မသိနိုင်သေးသလို   တချို့က သူမ ထောင်ထဲမှာ၊ အမေရိကန်နိုင်ငံမှာ ခိုလှုံနေတာ၊ ထောင်ကလွတ်ပြီး တစ်နေရာမှာပုန်းအောင်းနေသည်လို့ လည်း ဆိုကြပြန်သည်။ လက်ရှိမှာသူမ ဘယ်မှာ ရှိနေမှန်းမသိရသလို သူမရဲ့ အင်စတာဂရမ်၊ဖေ့ဘုတ်နဲ့ ဆိုရှယ် မီဒီယာ အကောင့်အားလုံးကလည်း ငြိမ်သက်နေခဲ့တာ (၃) လလောက်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ 

source:Chinatown-中华街 & wikipedia ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။