မျက်လုံးဟာ အရမ်းအရေးကြီးတဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ခုခေတ်အနေထားအရ မျက်လုံး ဟာ အနာမရဘူးဆိုတာ သိပါသလား ။တစ်ချိန်လုံးဖုန်းကြည့်နေတဲ့ သူတွေအနေနဲ့ မျက်လုံးကို အနာ ပေး ဖို့လိုပါတယ်။လူဟာအိပ်စက်ခြင်းဖြင့် အနားယူရသလို မျက်လုံးကိုလည်း အနာပေးရပါမယ်။ အမြင်ချို့ယွင်း လာခြင်းကြောင့် မျက်လုံးရဲ့အမြင်တွေ ဝေဝါးလာမယ်၊ ကြည်လိုက်ရင် မျက်လုံးထဲမှာ အရိပ်တွေ ပြေးနေသလို မျိုး မြင်လာမယ်၊ ခေါင်းတွေမှုးလာမယ်၊ စတဲ့ဝေဒနာတွေ ခံစားရလည်းရီှိပါတယ်။

တစ်ဖြည်းဖြည်းနဲ့ အဝေးမှုန်လာရင် မျက်ရိုးတွေကိုက်လာမယ်၊ မျက်လုံးစွေလာမယ်၊ ခေါင်းမကြာမကြာကိုက် ပြီး မျက်လုံးတွေလည်း ယားယံလာပါလိမ့်မယ်။ဒါကို ပေါ့ဆမထားသင့်ပါ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသောက်ရင် ကောင်းနိုင်တဲ့ လက္ခဏာဖြစ်ပါတယ်။တစ်ချို့ကတော့ ဆေးသောက်လို့မရပဲ မျက်မှန်တတ်မှ ရမဲ့ အခြေနေတွေ မျက်ကပ်မှန်တတ်ရတဲ့ အခြေနေထိ ဖြစ်နေတတ်ပါတယ်။ 

ဒီထက်ပိုဆိုးလာရင်တော့ ခွဲစိတ်ခြင်း၊ တို့ပြုလုပ်ပြီး ကုသရခြင်းတို့ ဖြစ်တတ်ပါတယ်။ခုခေတ်အနေထားအရ လေဆာ သို့မဟုတ် မျက်ကြည်လွာ တွေအစားထိုးကုသခြင်းတွေထိပါ ကုသရတာမို့ မျက်လုံးကို ငယ်ကတည်း က နေသေချာဂရိုစိုက်ပေးဖို့်လိုပါတယ်။ဒါကြောင့် အရေးကြီးလှတဲ့ မျက်လုံးကို အနာပေးဖို့ လိုနေပြီဆိုတာ ကို မိမိကိုယ်တိုင်အသိဆုံးဖြစ်ပါတယ်။

source: youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။