ဟုတ်ပါ့မလားလို့ တွေးနိုင်ပါတယ်။ လူတစ်ယောက်ကို သေစေနိုင်တဲ့ ကင်ဆာဆဲလ်တွေကို ဖျော်ရည်တစ်ခွက်နည်းနဲ့ ဖြေရှင်းနိုင်ပါတယ်။ တကယ့်ကိုပဲ အစွမ်းထက်ဖျော်ရည်တစ်ခွက်ဆိုလည်း မမှားပါဘူး။ တစ်ချို့ကလည်း သိပြီးသားဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေတာကြောင့် ယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။

ပါဝင်သော ပစ္စည်းများနှင့် ပြုလုပ်ပုံ အဆင့်ဆင့်

ဒီဖျော်ရည်ကို အာလူးတစ်လုံး (တစ်ချိုတွေကတော့ Beetroot လို့ ခေါ်တဲ့ ဥတစ်မျိုးနဲ့လည်း အာလူးနေရာမှာအစားထိုးသုံးပါတယ်)၊ မုန်လာဥနီ တစ်တောင့်၊ ပန်းသီးတစ်လုံးပေါင်းစပ်ပြီး ဖော်စပ်ရတာပါ။

သစ်သီးအားလုံးကိုဆေးကြောသန့်စင်၍ အခွံနွှာပြီးနောက် ဖျော်စက်ထဲထည့် ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိူင်ပါပြီ။ သံပုရာသီး ၊ ရှောက်သီး၊ သံပရိုသီး စသည်ဖြင့် တစ်မျိုးမျိုးကိုလည်း ထည့်သောက်နိုင်ပါတယ်။

ရရှိနိုင်တဲ့ ကောင်းကျိုးတွေကတော့

( ၁ ) ကင်ဆာဆဲတွေကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။

( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊ ကပါယ်အိတ်ကြီးထွားခြင်းကို လည်းတားဆီးပေးပါတယ်။

ပြည်တည်နာဖြစ်ခြင်းကိုလည်း ကုစားနိူင်ပါတယ်။

( ၃ ) အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။

( ၄ ) ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။

( ၅ ) မျက်စိအာရုံကိုပိုကောင်းစေသလို၊ မျက်လုံးနီခြင်း၊ မျက်စိညောင်းခြင်းတို့ကိုလည်းသက်သာစေပါတယ်။

( ၆ ) ကြွက်သားနားခြင်း၊ ကြွက်သားဒဏ်ဖြစ်ခြင်းကိုလည်းပျောက်ကင်းစေပါတယ်။

( ၇ ) အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။

( ၈ ) အစာကိုကြေညက်စေနိူင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။

( ၉ ) အမျိုးသမီးများ မီယပ်သွေးပေါ်ချိန် တွင်ဖြစ်တတ်သောနာကျင်ခြင်းကိုလည်းလျှော့နည်းသက်သာစေပါတယ်။

( ၁၀ ) ဖျားနာခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

( ၁၁ ) ဉာဏ်ရည်ကိုတိုးတက်စေပြီး ဦးနှောက်ကိုပိုမိုကောင်းမွန်စေပါတယ်။

( ၁၂ ) ကိုယ်အလေးချိန်လျှော့ချနေသူများအနေနှင့်လည်းသောက်သုံးနိုင်ပါတယ်။ ဒီဖျော်ရည်ဟာ အားအင်ကိုတိုးစေသလို

ကယ်လိုရီပါဝင်မှုကလည်းအနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။

( ၁၃ ) ကိုယ်ခန္ဓာအတွင်းက ကလီစာများပြန်လည်တည်ဆောက်ခြင်းကို အထောက်အပံ့ပေးပါတယ်။

သောက်သုံးနည်းကတော့ ဖျော်ပြီးသားဖျော်ရည်ကို မနက်စာမစားခင် ၁နာရီအလို ဗိုက်ထဲတွင်အစာမရှိချိန်မှာ သောက်သုံးရပါမယ်။ ပိုပြီးအာနိသင်သက်ရောက်ချင်သူများအနေနဲ့တစ်နေ့ ၂ကြိမ် (မနက် တစ်ကြိမ်

နှင့် ညနေတွင် ၁ ကြိမ်) သောက်သုံးနိုင်ပါတယ်။

သတင်းအရင်းအမြစ် - ကျန်မာရေးဆိုင်ရာ ဗဟုသုတများ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။