လက်ရှိ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ မြန်မာ့ကိုယ်စားပြုနိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး နိုင်ငံအလံကို လွှင့်ထူပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့နဲ့ ထိုင်းရိုးရာလက်ဝှေ့နှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်သလို လက်ရှိနိုင်ငံအဆင့်မီပြိုင်ပွဲများစွာကိုလည်း ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိတာတွေ့ရပါတယ်။  

မကြာမီ ဒေဝကတော့ မြန်မာ့လက်ချန်ပီယံဟောင်း ထွန်းထွန်းမင်းနှင့် ပြန်လည်ထိုးသတ်ရတော့မှာဖြစ်တာကြောင့် ကြိုးစားမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပြိုင်ပွဲကတော့ လာမည့်ဒီဇင်ဘာလ ၉ရက်နေ့မှာ စီစဉ်ထားပြီးနှစ်ဖက်ပြိုင်ဘက်ကစားသမားတွေကတော့ အပြိုင်အဆိုင်လေ့ကျင့်မှုတွေပြုလုပ်နေကြပြီဖြစ်ကြောင်း သိရပါတယ်။  

မနေ့က ဒေဝကတော့ လက်နှင့်မျက်လုံး လျှင်မြန်စေရန်အတွက် ကစားနည်းတစ်ခုကို လေ့ကျင့်မှုအတိုင်းပြုလုပ်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါလေ့ကျင့်မှုဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားရေပန်းစားခဲ့ပြီး ဒေဝရဲ့ ကြိုးစားမှုကို လှောင်ပြောင်မှုအချို့လည်း ရှိခဲ့တာတွေ့ရပါတယ်။ ပရိသတ်ကြိုက်လက်ဝှေ့ပွဲတွေထဲမှာ အကောင်းဆုံးပွဲတစ်ခုဖြစ်လာမည့် ဒီဇင်ဘာပြိုင်ပွဲအတွက် ကြိုးစားနေတဲ့ ဒေဝရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - DAVE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။