ဆေးရုံတောင်တင်လိုက်ရတဲ့ထိ ဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့ Goo Hara နဲ့ သူ့ချစ်သူဟောင်းရဲ့ ပြသာနာဟာ ပရိတ်သတ်တွေကြားပွက်လောရိုက်သွားစေခဲ့ပါတယ် ။ မိန်းကလေးတွေအတွက် အိမ်တွင်းအကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် ရှုံချနေကြတဲ့ထဲက ဒီလို ဖြစ်ရပ်ပေါ်ပေါက်လာတဲ့အခါ Goo Hara ရဲ့ ပရိတ်သတ်တွေတင်မက အခြားသော ကိုရီးယားနိုင်ငံသားတွေအတွက်ပါ စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ သတင်းတစ်ခုဖြစ်လာခဲ့တာပါ ။ kARA အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း အဆိုတော်မလေး Goo Hara က အဆိုဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ နာမည်ကျော်ကြားပြီး နုနယ်ပြီးချစ်ဖို့ကောင်းတဲ့ သူမရဲ့ အလှအပကြောင့်လည်း ပရိတ်သတ်တွေ အခိုင်အမာနဲ့ ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ် ။

အဖွဲ့နဲ့ရော Solo အဖြစ်ပါ အောင်မြင်ခဲ့ပြီး နာမည်ကျော် Drama တွေ ဇာတ်ကားတွေ TV Show တွေမှာပါ ပါ၀င်တင်ဆက်ခဲ့သူတစ်ယောက်လဲဖြစ်ပါတယ် ။ သူမကတော့ အနုပညာအလုပ်တွေက ခေတ္တခဏ ကင်းကွာနေခဲ့ပြီး ပရိတ်သတ် မျက်စိရှေ ့ကပျောက်နေတာ ကြာနေပြီဖြစ်ပေမယ့် ခု ပြန်ထွက်ပေါ်လာချိန်မှာတော့ ဒီလို သတင်းဆိုးကြီးပါ တစ်ခါထဲ တွဲဖက်ပါလာတာပါ ။ သူမ နဲ့ သူမချစ်သူနဲ့ဟာ စကားများရန်ဖြစ်ခဲ့ကြပြီး သူမချစ်သူရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒဏ်ရာအနာတရ များစွာရရှိခဲ့ကာ ဆေးရုံမှာ အချိန်အတန်ကြာ ဆေးကုသခံခဲ့ရတယ်ဆိုတဲ့အကြောင်းကို Media တွေထက် မြင်ခဲ့ရပေမယ့် သူမရဲ့ ဒဏ်ရာတွေကိုတော့ ထုတ်ဖော်ပြသခဲ့ခြင်းမရှိပါဘူး ။ 

ဒီကြားထဲမှာ Hara ကို ဒီလိုဖြစ်အောင်လုပ်ခဲ့တယ်ဆိုတဲ့ ချစ်သူဟောင်းက ရဲတွေကို စစ်ချက်လာပေးရာမှာ သူ့ဘဝမှာ ဘယ်သူ့ကိုမှ မရိုက်ခဲ့ဖူးတဲ့အကြောင်း အထူးသဖြင့် မိန်းမတွေကို ရိုက်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း လာရောက် ထွက်ဆိုခဲ့ပေမယ့် Goo Hara က Media တွေကို သူမ အနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေရော ဆေးစာတွေရောကိုပါ ပြသလိုက်ပါတယ် ။ 

အညိုအမဲတွေ တစ်ကိုယ်လုံး ပြည့်နှက်နေတဲ့ ပုံရိပ်တွေဟာ မြင်ရတဲ့သူတွေကို စိတ်မကောင်းကြီးစွာ ဖြစ်စေခဲ့တာပါ ။ အဆိုပါအမှုကို ဆက်လက်ရင်ဆိုင်နေကြပြီး ပရိတ်သတ်တွေကလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ် ။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ လူထိခိုက်တာအပြင် တကယ့်ကို ဆိုးရွားလွန်းတဲ့ စိတ်ဒဏ်ရာတွေကျန်နေခဲ့မယ် ဆိုတာလည်း အသေအချာပါပဲ ... မင်းသမီးလေးရဲ့ အဖြစ်က မိန်းကလေးတွေအားလုံးအတွက် သတိထားဖို့ သင်ခန်းစာယူစရာ ဖြစ်သွားခဲ့တာဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။