အသက် ၁၁၆ နှစ် ကိုးလနှင့် ဆယ်ရက် အရွယ်ရှိ အဘိုး ဦးမိုးအေးမှာ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ကျွန်းရင်းအုပ်စု လေးအိမ်စုကျေးရွာ၌

ယခုထက်ထိတိုင် သက်ရှိထင်ရှား ကျန်းမာစွာ နေထိုင်လျက်ရှိသည်။

အဘိုးဦးမိုးအေးမွေးဖွားသည့်နှစ်မှာ မြန်မာသက္ကရာဇ် ၁၂၆၂ ခုနှစ် ကဆုန်လဆုတ် ၂ ရက်အရ ခရစ်နှစ် ၁၈၉၉ ခုနှစ် ဧပြီလ အတွင်းက မွေးဖွားခဲ့ခြင်းဖြစ်ကာ ယခု ဂင်းနစ်က္ဘာ့ အသက် အကြီးဆုံးစာရင်းဝင် သတ်မှတ်ခြင်းခံထားရသည့် အီတလီ နိုင်ငံ ဗာစီလီမြို့မှ Ms Emma Martina Luigia Mor-anoမှာ ခရစ်နှစ် ၁၈၉၉ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က မွေးဖွား ခဲ့ကြောင်း ဂင်းနစ်မှတ်တမ်းများကဆိုသည်။

ထို့ကြောင့် ကမ္ဘာ့အသက်အကြီး ဆုံး ဂင်းနစ်မှတ်တမ်းဝင်

Ms Emma Martina Luigia Mor-ano

သည် ၂၀၁၆ ခုနှစ် မေ ၁၆ ရက်က အသက် ၁၁၆နှစ် နှင့် ၁၆၉ ရက်သာရှိကာ အဘိုး ဦးမိုးအေးမှာ ယခု ၂၀၁၇ ခုနှစ် ဖေဖော် ဝါရီ ၂၁ ရက် တွင် အသက် ၁၁၆ နှစ် ကိုးလနှင့် ဆယ်ရက်အရွယ် ရောက်ရှိ နေပြီဖြစ်သဖြင့် မွေးသက္ကရာဇ်နှင့် အထောက်အထားများ မှန်ကန်ခိုင်မာပါက ဂင်းနစ်ကမ္ဘာ့အသက်အကြီးဆုံးစာရင်း ဝင်နိုင်မည့် အနေအထားတွင်ရှိနေသည်။

သတင်း-ဇင်ဦး(မြန်မာ့အလင်း)

ဓာတ်ပုံ- သီဟစည်သူ

Source/မြန်မာ့အလင်းမှကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။