လက်ရှိအနေအထားမှာ မြန်မာ့ရုပ်ရှင်လောက အနေနဲ့ ကျိန်စာသင့်နေတဲ့ အနေအထားကို ရောက်ရှိနေတဲ့ ကာလတစ်ခုကို ရောက်ရှိနေတာဖြစ်တယ်လို့လည်း အန်တီဂရေ့စ် က ဆိုပါတယ် ။ ဇာတ်ကားတွေကို ပေါဌေးလောဌေး ရိုက်ထုတ်နေကြတဲ့ ရုပ်ရှင်လောကထဲက လောဘသားတွေကြောင့် ရုပ်ရှင်ကားတွေ ဟာ ပိတ်ကားပေါ်ကို မရောက်သေးခင်မှာဘဲစုပြုံ နေပြီး ဈေးကွက်ထိုးဖောက်ဖို့ အခက်တွေ့နေကြရတယ်လို့ဆိုပါတယ် ။ နာမည်ကြီး ဟောလိဝုဒ် ဘောလိဝုဒ် ရုပ်ရှင်လောကတွေမှာ လည်း အများကြီးရိုက်ထုတ်နိုင်နေပေမယ့် ဈေးကွက်ထိုးဖောက်နိုင်သူတွေကြောင့် အခက်အခဲမရှိဘူးဆိုပေမယ့် ဒီနိုင်ငံမှာတော့ အခုလိုမျိုးတွေမရှိဘူးလို့ဆိုပါတယ်။

ရုပ်ရှင်တွေမှာ ထည့်သွင်း ပြသခြင်းမပြုလုပ်သင့်တဲ့ ကိစ္စရပ်တွေကိုလည်းထောက်ပြခဲ့ပါတယ်။ ရုပ်ရှင်ဆိုတာ ကမ္ဘာကိုထိုးဖောက်နိုင်တဲ့အတွက် လိင်အသားပေးပြကွက်တွေ ၊ မြန်မာအမျိုးသမီးတွေ အရက်သောက်တဲ့ ပြကွက်တွေ ၊ ညစ်ညမ်းပြကွက်တွေကို ရုပ်ရှင်တွေထဲမှာ မပြစေချင်ဘူးလို့ ပြောလိုက်သူကတော့ ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီဒေါ်ဆွေဇင်ထိုက်ပါ ။ ရုပ်ရှင်ထဲမှာအဆိုပါ ပြကွက်တွေကို ထည့်သွင်းပြသထားတဲ့အခါ နိုင်ငံတကာကလက်ရှိရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့မှာ လူထုကိုယ်စားပြု ပုဂ္ဂိုလ်တွေ ၊ ယဉ်ကျေးမှုကိုယ်စားပြု ပုဂ္ဂိုလ်တွေ ပါဝင်တာလည်းဖြစ်ပေမယ့် အန်တီဂရေ့စ်ကတော့ ရုပ်ရှင်ဆင်ဆာမှာ ထည့်သွင်းမပြသသင့်တဲ့ ကိစ္စရပ်တွေကို ထောက်ပြခဲ့ပါတယ် ။

ဆက်လက်ပြီး အန်တီဂရေစ့် က ရုပ်ရှင်တွေမှာ ရိုက်ကူးထုတ်လုပ်သူတွေအနေနဲ့ ကိုယ့်ကိုကိုယ်တာဝန်ယူနိုင်ခြင်း ရှိနေတယ်ဆိုရင် လက်ရှိရုပ်ရှင်ဆင်ဆာအဖွဲ့တောင်မလိုအပ်ဘူးလို့ ဆိုပါတယ်။ ရုပ်ရှင်လောကသားတွေအနေနဲ့ မိမိတို့ရုပ်ရှင်တွေမှာ ပါတဲ့ပြကွက်တွေကို ပြသင့်မပြသင့် မိမိဖာသာ ဆင်ဆာပြုလုပ်ခြင်း ( Self Sensor ) ကို ပြုလုပ်စေလိုကြောင်းထောက်ပြထားပါသေးတယ် ။ ပရိသတ်ကြီးရေ အန်တီဂရေစ့်ပြောတာကိုထောက်ခံတယ်ဆိုရင် မှတ်ချက်မှာပြောပြပေးခဲ့ကြပါနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။