တရားနာခြင်းနှင့် ဉာဏ်စဉ်လေးပါး

********---

မြတ်စွာဘုရားသခင် တရားနာစေချင်တဲ့ အဆင့် ၄ ဆင့်ရှိပါတယ်။

(၁) အဆင့်က တရားနာတာနော်၊ သူများရွတ်တာဖတ်တာတွေ၊

သူများဟောတာတွေ လိုက်နားထောင်တာပေါ့၊ နားကိစ္စပေါ့..

(၂) နံပါတ်အဆင့်ကျတော့ မိမိပါးစပ်နဲ့ ရွတ်ဖတ်ရတယ်၊ ဒု အဆင့်က ပါးစပ်... ကိုယ့်ပါးစပ်နဲ့ ကိုယ်ရွတ်ရတယ်၊

(၃)တတိယအဆင့်ကျတော့ စိတ်နဲ့ကြံစည်ရတယ်။ စိတ်နဲ့ အဖန်ဖန် စဉ်းစား ဆင်ခြင်ရတယ်တဲ့ ၊ ဒါက ပစ္စည်းတရား၊ ဒါက ပစ္စယုပ္ပန်တရား၊

ဒါက ပစ္စယသတ္တိ စသည်ဖြင့် အဲ့ဒီလို စိတ်နဲ့ကြံတဲ့အဆင့်၊

(၄) စတုတ္ထအဆင့်ကျတော့ အနိစ္စ ဒုက္ခ အနတ္တ ရှု့တဲ့အဆင့် ...

အေးအဲ့ဒီအဆင့်လေးဆင့်ရပြီ ဆိုလို့ရှိရင်တော့ဒီုဂ္ဂိုလ်ဟာ

နိဗ္ဗာန်လမ်းဖက်သွားပြီတဲ့။ နိဗ္ဗာန်လမ်းပေါ်ရောက်ပြီ။ သူက တဖြည်းဖြည်းနဲ့ လျှောက်ဖို့ပဲလိုတယ်၊ ဆရာတော် ကတော့ နိဗ္ဗာန်လမ်းပေါ် တင်ပေးပြီးပြီ။ အဲ့ဒါဆိုရပြီနော်.....။

ဉာဏ်စဉ်အနေအားဖြင့်လည်း လေးဆင့်ရသွားပါမယ်။

(၁) နံပါတ် အနေနဲ့ နာမရူပ ပရိစေ ္ဆဒဉာဏ်စဉ် - နာမ်တရား ၊ ရုပ်တရားကို ခွဲခြားပြတဲ့ဉာဏ်စဉ်၊

(၂) နံပါတ်ကျတော့ ပစ္စယပရိဂ္ဂဟဉာဏ်၊ ပစ္စယဆိုတာ အကြောင်းတရား၊ ပရိဂ္ဂဟဆိုတာ သိမ်းဆည်းတာ ၊

အကြောင်းတရားဆိုသဖြင့် အကျိုးတရားပါ ပါတယ်ပေါ့နော်။

ဒါကအကြောင်းတရား ဒါကအကျိုးတရား ၊ အကြောင်းတရားကြောင့်

အကျိုးတရားတွေ ဖြစ်ပျက်နေပါလားလို့ အကြောင်းအကျိုး ဆင်ခြင်တဲ့ ဉာဏ်ပေါ့၊

(၃) နံပါတ်က သမ္မသနဉာဏ်၊ သုံးသပ်ဆင်ခြင်တာပေါ့၊

ရှိရှိသမျှလောကထဲရှိတဲ့ တရားတွေဟာ နာမ်တရား ရုပ်တရားတွေပါလားလို့ သုံးသပ်ဆင်ခြင်တဲ့ဉာဏ်ပေါ့၊

(၄) သမ္မသနဉာဏ်ရပြီးနောက် အဖြစ်အပျက်တွေကိုမြင်တဲ့

ဥဒယဗ္ဗယဉာဏ် ၊ အဖြစ်အပျက်ကို မြင်တဲ့ဉာဏ်ပေါ့၊

(၁)(၂) ဒီဉာဏ် ၂ပါးရရင် အပါယ်တံခါးပိတ် စူဠသောတပန်ဖြစ်တယ်။

(၃)(၄) ဉာဏ်ရရင်တော့ ဒီပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ဖက်သွားပြီ။

အနှေးနဲ့အမြန်နိဗ္ဗာန်ရတော့မှာ.....။

သာဓု သာဓု သာဓု။

(ဗန်းမော် ဆရာတော်ဘုရားကြီး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။